Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မြန်မာ့သင်္ကြန်ပွဲတော် ယူနက်စကို၏ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ပဏာမစာရင်း ၌ပါဝင်လာ

———————————————————————-

၂၀၂၄ခုနှစ်၊နိုဝင်ဘာလ၊(၇)ရက်

မြန်မာ့သင်္ကြန်ပွဲတော် ယူနက်စကိုရဲ့ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ပဏာမစာရင်းမှာ ပါဝင်လာတယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးက တင်ပြထားကြတဲ့ အဆိုပြုစာတွဲတွေအနက် ယူနက်စကိုရဲ့ပဏာမအဆုံးအဖြတ်မှာ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းအဖြစ် သတ်မှတ်တဲ့ အဆိုပြုစာတွဲတွေထဲမှာ မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်စာတွဲပါဝင်လျက်ရှိတာကို ယူနက်စကိုရဲ့ Website မှာ တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှ တင်သွင်းထားတဲ့ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် အဆိုပြုစာတွဲနဲ့ပတ်သက်လို့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့မှ ၇ ရက်နေ့အထိ ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့ မှာ ကျင်းပပြုလုပ်မယ့် (၁၉)ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံသို့ တရားဝင်ဆုံးဖြတ်မှာဖြစ်တယ်လို့ သိရပါတယ်။