Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မြန်မာ့လက်ရွေးစင်အသင်းအ‌နေဖြင့် ဖိလစ်ပိုင်နှင့်အဝေးကွင်းပွဲစဉ်အတွက် အသေအချာ ပြင်ဆင်သွားမည်

၂၀၂၄၊ဒီဇင်ဘာလ၊၁၁ရက်

မြန်မာ့လက်ရွေးစင်အသင်းနည်းပြ ဦးမျိုးလှိုင်ဝင်းက

မစ်ဆူဘီရှီဖလား ဖိလစ်ပိုင်နဲ့ကစားမယ့် အဝေးကွင်းပွဲအတွက် အသေအချာပြင်ဆင်သွားမယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းနည်းပြ ဦးမျိုးလှိုင်ဝင်းက “အသင်းကစားပုံနဲ့ပတ်သက်လို့ ကျေနပ်တယ်။ ကျွန်တော်တို့လိုချင်တဲ့ပုံစံအတိုင်း ကစားနိုင်ခဲ့သလို ပထမပိုင်းမှာလည်း အခွင့်အရေးတွေအများကြီးဖန်တီးနိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ဘူး။ အသင်းအနေနဲ့ ကံမကောင်းခဲ့ဘဲ ရသင့်တဲ့ဂိုးတွေမရခဲ့ပါဘူး။ ဘောလုံးမှာ ဘယ်အသင်းမဆို ရသင့်တဲ့ဂိုးတွေ မရဘူးဆိုရင် မရှုံးသင့်ဘဲ ရှုံးရတဲ့ပွဲတွေ ရှိပါတယ်။ အရန်အင်အားပိုင်းမှာ အင်ဒိုနီးရှားက ကျွန်တော်တို့ထက်သာပါတယ်။အဖွင့်ပွဲမှာ ရှုံးခဲ့ပေမယ့် ဖိလစ်ပိုင်အသင်းနဲ့ပွဲအတွက် နည်းစနစ်ပိုင်းဆိုင်ရာကိုအသေအချာလေး ပြင်ဆင်သွားပါမယ်”လို့ ပြောကြားခဲ့ပါတယ်။

မြန်မာအသင်းဟာ မစ်ဆူဘီရှီဖလား အုပ်စုအဖွင့် အိမ်ကွင်းပွဲမှာ အင်ဒိုနီးရှားကို ရှုံးနိမ့်ခဲ့ပြီးနောက် ဒုတိယပွဲစဉ်အဖြစ် လာမယ့်ဒီဇင်ဘာလ(၁၂)ရက်၊ ကြာသပတေးနေ့၊ ညနေ(၅)နာရီမှာ ဖိလစ်ပိုင်အသင်းနဲ့ အဝေးကွင်းပွဲကစားရမှာဖြစ်ပါတယ်။

ဓါတ်ပုံ-MFF

May be an image of 1 person, playing football and text