————————————————————————-
၂၀၂၄ခုနှစ်၊ဒီဇင်ဘာလ၊(၁၄)ရက်
အခုရက်ပိုင်းတွေမှာ မြန်မာ့ရွှေဈေးဟာ တရိပ်ရိပ်တက်လာပြီး အခုအပတ်(၆)ရက်တာ အတွင်း(၉)သောင်းတက်ခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ(၉)ရက်က မြန်မာ့ရွှေဈေးဟာ တစ်ကျပ်သားကို (၅၃)သိန်း(၁)သောင်းကျော်ရှိခဲ့ရာမှ အခုဒီဇင်ဘာလ (၁၄)ရက်မှာတော့ တစ်ကျပ်သားကို(၅၄)သိန်းနဲ့ရောင်းချဖို့ ဓာတ်သတ္တု(ရွှေ)ရည်ညွှန်း ဈေးသတ်မှတ်ကော်မတီမှ သတ်မှတ်ပေးထားပါတယ်။
ကမ္ဘာ့ရွှေဈေးအနေနဲ့ မနေ့က ဒီဇင်ဘာလ(၁၃)ရက်မှာ တစ်အောင် ကန်ဒေါ်လာ 2665 ရှိခဲ့ပြီး ဒီကနေ့ဒီဇင်ဘာလ(၁၄)ရက်မှာတော့ တစ်အောင်စကို ကန်ဒေါ်လာ 2648ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။
#Mercury#ပြည်တွင်းသတင်း#ရွှေစျေး#mercurynews
ဓါတ်ပုံ-မူရင်းပိုင်ရှင်ကိုCredit ပေးပါသည်။