၂၀၂၄ခုနှစ်၊အောက်တိုဘာလ၊(၄)ရက်
နှစ်(၁၅၀)ပြည့် ကမ္ဘာ့စာပို့တိုက်နေ့(150 YEARS of the UPU) အထိမ်းအမှတ်အဖြစ် (၂၀၀ ကျပ်တန်)အထူးထုတ်စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုးကိုပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမြန်မာ့စာတိုက်လုပ်ငန်းက နေထုတ်ဝေသွားမှာဖြစ်တယ်လို့သိရပါတယ်။
နှစ်(၁၅၀)ပြည့် ကမ္ဘာ့စာပို့တိုက် နေ့အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်ကိုအောက်တိုဘာ ၉ နေ့နံနက်၉နာရီခွဲစတင်ပြီးနေပြည်တော်ဗဟိုစာတိုက်ကြီး၊ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နဲ့တိုင်းဒေသကြီး/ပြည်နယ်များမှာရှိတဲ့စာတိုက်ကြီးတွေမှာ တစ်ပြိုင်တည်း ရောင်းချပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။
အထူးအစီအစဉ်တစ်ရပ်အနေနဲ့နေပြည်တော်ဗဟိုစာတိုက်ကြီး၊ရန်ကုန်စာတိုက်ကြီးနဲ့မန္တလေးစာတိုက်ကြီးတို့မှာ အောက်တိုဘာ ၉ ရက် (ဗုဒ္ဓဟူးနေ့) မှာဝယ်ယူတဲ့စာပို့တံဆိပ် ခေါင်းများပေါ်မှာနေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမှာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။