၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ (အာရှဇုန်) ဒုတိယအဆင့် ခြေစမ်းပွဲအဖြစ် ဒီနေ့ မတ်လ (၂၁) ရက်၊ ညနေ(၆)နာရီ အချိန်က ရန်ကုန်မြို့ ၊ သုဝဏ္ဏအားကစားကွင်းထဲမှာ မြန်မာနဲ့ ဆီးရီးယားတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး တစ်ဖက် တစ်ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးသွားခဲ့ပါတယ်။
မြန်မာအသင်းအတွက် အဖွင့်ဂိုးကို ပထမပိုင်းမှာ ကျောနံပါတ် (၄) ကျော်စိုးမိုးက သွင်းယူပေးခဲ့ပြီး ဒုတိယပိုင်း ပွဲကစားချိန်ထဲမှာ ဆီးရီးယားအသင်းက ချေပဂိုး ရယူသွားနိုင်ခဲ့လို့ ပွဲအပြီးမှာ သရေဖြစ်သွားခဲ့တာပဲဖြစ်ပါတယ်။
ဒီနေ့ ယှဉ်ပြိုင်ခဲ့တဲ့ ဆီးရီးယားနဲ့ပွဲစဉ်ကို မြန်မာ့လက်ရွေးစင်အသင်းဘက်က ပွဲထွက်ကစားသမားတွေအဖြစ် ကျော်ဇင်ဖြိုး(ဂိုး)၊ ဟိန်းဖြိုးဝင်း၊ စိုးမိုးကျော်၊ သက်ဟိန်းစိုး၊ ကျော်မင်းဦး၊ လွင်မိုးအောင်၊ အောင်သူ၊ မောင်မောင်လွင် ၊ နေမိုးနိုင်၊ ဝေလင်းအောင်နဲ့ ခွန်ကျော်ဇင်ဟိန်း တို့ ပါဝင်ကစားခဲ့ကြပါတယ်။
မြန်မာအသင်းဟာ ဆီးရီးယားအသင်းနဲ့ အဝေးကွင်းပွဲစဉ်ကို မတ်လ (၂၆) ရက်နေ့ရောက်ရင် ဆော်ဒီအာရေဗျနိုင်ငံ၊ ဒါမန်းမြို့မှာ ဆက်လက် ယှဉ်ပြိုင်သွားရဖို့ ရှိနေပါတယ်။