—————————————————————–
မြန်မာအမျိုးသမီးဖူဆယ်အသင်းဟာ ဗီယက်နမ် အသင်းကို (၅)ဂိုး(၁)ဂိုးဖြင့်ရှုံးနိမ့်ခဲ့တယ်လို့ သိရပါတယ်။
တရုတ်တိုင်ပေအသင်းကတော့ မကာအိုကို (၁၈)ဂိုး၊(၀)ဂိုးနဲ့ အနိုင်ရထားပါတယ်။
အာရှဖလားအမျိုးသမီးဖူဆယ်ခြေစစ်ပွဲ အုပ်စု(D)ပွဲစဉ်တွေကို အိမ်ရှင်မြန်မာနိုင်ငံမှာ တစ်ရက်ကို(၂)ပွဲနှုန်းနဲ့ ဇန်နဝါရီလ(၁၅)ရက်စတင်နေတာဖြစ်ပါတယ်။
မြန်မာအမျိုးသမီးဖူဆယ်အသင်းကတော့ အုပ်စု(D)မှာ ဗီယက်နမ်၊တရုတ် (တိုင်ပေ)၊မကာအိုတို့နဲ့ အုပ်စုပွဲစဉ်တွေယှဉ်ပြိုင်ရမှာဖြစ်ပြီး ပွဲဦးထွက် ဗီယက်နမ်နဲ့ယှဉ်ပြိုင်စဥ်မှာ ရှုံးနိမ့်သွားတာ ဖြစ်ပါတယ်။
အုပ်စုပွဲစဉ်ပြိုင်ပွဲတွေကို ဇန်နဝါရီလ(၁၅)ရက်၊(၁၇)ရက်၊(၁၉)ရက်တို့မှာ ရန်ကုန်မြို့ ၊သုဝဏ္ဏဘောလုံးကွင်းMFFဖူဆယ်အားကစားရုံမှာကျင်းပ နေပြီး အုပ်စုပွဲစဉ်မှာ အနိုင်ရရှိတဲ့အသင်းကိုးသင်းခြေစစ်ပွဲအောင်မြင်ပြီးဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်တယ်လို့ သိရပါတယ်။
#mercury#mecurynews#ဖူဆယ်#မြန်မာဘောလုံး#ပြည်တွင်းသတင်း#အားကစား