၂၀၂၄၊နိုဝင်ဘာလ၊၂၇ရက်
မြန်မာအပါအဝင် ထိုင်းနိုင်ငံထဲ တရားမဝင် နေထိုင်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နောက်ဆုံးထားပြီး နေထိုင်ခွင့်မှတ်ပုံတင်အထောက်အထား ပန်းရောင်ကတ်(ဘတ်)လုပ်ဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက နိုဝင်ဘာ ၂၆ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
နေထိုင်ခွင့်မှတ်ပုံတင်အထောက်အထားသစ်ရရှိတဲ့ လုပ်သားတွေဟာ ထိုင်းနိုင်ငံထဲမှာ ၂၀၂၆ ခုနှစ်၊ မတ် ၃၁ ရက်အထိ တစ်နှစ်တာယာယီ အလုပ်လုပ် ခွင့်ရရှိမှာဖြစ်သလို အလုပ်သမားတွေရဲ့ ၁၈ နှစ်အောက်ကလေးတွေလည်း မိဘနဲ့အတူနေထိုင်ခွင့်ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။
တရားမဝင်ရွှေ့ပြောင်းလုပ်သားတွေအတွက် နေထိုင်ခွင့်နဲ့အလုပ်လုပ်ခွင့်အထောက်အထားကုန်ကျစရိတ်ဟာ ထိုင်းအစိုးရ ဈေး ဘတ် ၆,၀၀၀ ကျော်သာရှိပေမဲ့ မြန်မာရွှေ့ပြောင်းတွေကတော့ ပွဲစားကတဆင့် အနည်းဆုံး ဘတ် ၈၀၀၀ ကနေ ၁၅,၀၀၀ ကြား ပေးဆောင်နေရတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၃ သန်းရှိပြီး တရားမဝင်နေထိုင်သူက ၄သန်းဝန်းကျင်ရှိတယ်လို့ ထိုင်းအခြေစိုက်သတင်းအချို့ကဖော်ပြကြပါတယ်။
ဓာတ်ပုံ – AFP/Getty Images
#mercury#mercurynews#ထိုင်း#မြန်မာ#ရွေ့ပြောင်း#နေထိုင်ခွင့်မှတ်ပုံတင်အထောက်အထား ပန်းရောင်ကတ်(ဘတ်)