Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မြန်မာအစားအသောက် တရားမဝင်ဝင်ရောက်လာတာနဲ့ ပတ်သတ်ပြီး အမေရိကန် စစ်ဆေးမည်

၂၀၂၄၊အောက်တိုဘာလ၊၂၆ရက်

အရည်အသွေးမပြည့်မှီတဲ့ မြန်မာအစားအသောက်တွေ အမေရိကန်နိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတာတွေရှိနေတဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်သွားမယ်လို့ အမေရိကန်အစိုးရ အစားအသောက်ဘေးကင်းလုံခြုံရေးနဲ့ စစ်ဆေးရေးဌာန(FSIS) က အောက်တိုဘာ ၂၄ ရက်က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံကနေတရားမဝင် တင်သွင်းလာတဲ့ အရည်အသွေးမမှီတဲ့ အသားထုတ်ကုန်တွေဟာ အမေရိကန် နိုင်ငံမှာ ပေါများလာပြီး စားသုံးတာမျိုးမလုပ်ကြဖို့အရေးကြီးတယ်လို့ FSISရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အရည်အသွေးမမှီတဲ့ မြန်မာအသားထုတ်ကုန်တွေဟာ အမေရိကန် အစားအသောက် ဘေးကင်း လုံခြုံရေး ခွင့်ပြုချက်မရထားတာကြောင့် တရားမဝင် ဝင်ရောက် လာရာလမ်းကြောင်းကို ဆက်ပြီး စုံစမ်းစစ်ဆေး သွားမယ်လို့လဲ သိရပါတယ်။