Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မြန်မာလှေလှော်အသင်းကမ္ဘာ့အကောင်းဆုံးနဂါးလှေလှော်အသင်း(၁၂)သင်း၌

ပါဝင်လာ

—————————————————————————-

၂၀၂၄ခုနှစ်၊နိုဝင်ဘာလ၊(၄)ရက်

ကမ္ဘာ့ဖလားနဂါးလှေလှော်ချန်ပီယံရှစ်လက်ရည်စစ်ပြိုင်ပွဲမှာ မြန်မာအသင်းရွှေတံဆိပ်တစ်ခု၊ငွေတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးရရှိပြီး ၂၀၂၅ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချန်ဒူးတွင်ကျင်းပမယ့် ကမ္ဘာ့အားကစားပြိုင်ပွဲ ချန်ပီယံရှစ်နဂါးလှေလှော်ပြိုင်ပွဲအတွက်၀င်‌ရောက်ယှဥ်ပြိုင်ခွင့်ရရှိခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘာ့ဖလားနဂါးလှေလှော်ချန်ပီယံရှစ်လက်ရည်စစ်ပြိုင်ပွဲတွေမှာ အောင်ပွဲတွေရရှိခဲ့ပြီးနောက် မြန်မာလှေလှော်အသင်းဟာကမ္ဘာ့အကောင်းဆုံးနဂါးလှေလှော်အသင်း(၁၂)သင်းပါဝင်လာခဲ့တယ်လို့သိရပါတယ်။

မြန်မာအသင်းဟာ လက်ရည်စစ်ပြိုင်ပွဲတွေဖြစ်တဲ့ တရုတ်မှာကျင်းပခဲ့တဲ့ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲ၊ ဖိလစ်ပိုင်မှာ ကျင်းပခဲ့တဲ့ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲတွေမှာ ရွှေ‌တံဆိပ်‌ ခြောက်ခု၊ ငွေတံဆိပ်သုံးခု ရရှိခဲ့တာဖြစ်ပါတယ်။

လက်ရည်စစ်ပြိုင်ပွဲတွေမှာ အကောင်းဆုံး(၁၂) သင်းဟာ ၂၀၂၅ခုနှစ် ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ ချန်ဒူးမြို့မှာ သြဂုတ်လ ၉ရက်နဲ့ ၁၀ရက်တို့မှာ ကျင်းပမယ့် ကမ္ဘာ့အားကစားပြိုင်ပွဲချန်ပီယံရှစ် နဂါးလှေလှော်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီးမြန်မာ‌လှေလှော်အားကစားသမားများ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိသွားတယ်လို့ သိရပါတယ်။

#mercury#mercurymedia#mercurynews#လှေလှော်#ပြည်တွင်းသတင်း