၂၀၂၄၊စက်တင်ဘာလ၊၂၄ရက်
China Arts and Crafts Associationက မြန်မာနိုင်ငံက ရေဘေးသင့်ပြည်သူတွေအတွက် တရုတ်ယွမ် ၇၀၀,၀၀၀ တန်ဖိုးရှိတဲ့ ထောက်ပံ့ပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ပါတယ်။
China Arts and Crafts Associationရဲ့ လှူဒါန်းမှုကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါတယ်။
လှူဒါန်းပေးအပ်ပွဲကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။