၂၀၂၄၊အောက်တိုဘာလ၊၂၆ရက်
AFC U-17 Asian Cupပြိုင်ပွဲ အုပ်စုအဆင့်မှာ ယှဉ်ပြိုင်ကစားနေတဲ့ မြန်မာယူ-၁၇ဘောလုံးအသင်းဟာ အုပ်စုပွဲစဉ်၂ပွဲကစားပြီးချိန်မှာ ၂ပွဲလုံးရှုံးခဲ့တာကြောင့် အုပ်စုအဆင့်ကနေဘဲထွက်ခွာရဖို့ အခြေအနေများလာပါတယ်။
မြန်မာယူ-၁၇ဘောလုံးအသင်းဟာ အုပ်စုပထမပွဲစဉ်မှာယီမင်အသင်းကို၆ဂိုး-၁ဂိုး၊အုပ်စုဒုတိယပွဲမှာ ဗီယက်နမ်ကို ၂ဂိုး-ဂိုးမရှိ ဆိုတဲ့ရလဒ်တွေနဲ့ရှုံးနိမ့်ထားခဲ့တာဖြစ်ပါတယ်။
AFC U-17 Asian Cupပြိုင်ပွဲ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်အဖြစ် အောက်တိုဘာလ၂၇ရက်နေ့မှာမှာတော့ မြန်မာယူ-၁၇ဘောလုံးအသင်းက ကာဂျစ္စတန် အသင်းနဲ့ ကစားရမှာဖြစ်ပြီး မဖြစ်မနေအနိုင်ကစားဖို့ လိုအပ်နေပါတယ်။