၂၀၂၅၊ဇန်နဝါရီလ၊၁၃ရက်
ရုရှား – မြန်မာ သံတမန်ဆက်ဆံရေး ၇၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ရုရှားကို မြန်မာနိုင်ငံ နစက အစိုးရမှ ဆင်လိမ္မာခြောက်ကောင် လက်ဆောင်ပေးအပ်ခဲ့တယ်လို့ ရုရှားပြည်တွင်းသတင်းဌာနတွေက ဖော်ပြကြပါတယ်။
အသက် ၃ နှစ်ကနေ ၅ နှစ် အရွယ်တွေရှိတဲ့ အဲ့ဒီဆင်လိမ္မာခြောက်ကောင်ဟာ ဆင်ထိန်းသိမ်းရေးစခန်းတွေကနေအသေအချာ မွေးမြူထားတဲ့ဆင်တွေဖြစ်ပြီး မော်စကိုမြို့အခြေစိုက် ရုရှားဆပ်ကပ်အဖွဲ့ ဂရိတ် မော်စကိုအဖွဲ့ကို ဇန်နဝါရီ ၁၀ ရက်နေ့က ပေးခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံဘက်ကနေ ရုရှား – မြန်မာ သံတမန်ဆက်ဆံရေး ၇၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဆင်လိမ္မာခြောက်ကောင်ကို ပေးအပ်ခဲ့တဲ့ အတွက် ကျေးဇူးတင်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရသူ မာရီယာ ဆာခါရိုဗာက ပြောဆိုခဲ့ပါတယ်။