Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မြန်မာမှု့မြန်မာ့ရိုးရာဟန် ပန်းချီလက်ရာများပါဝင်သည့်ပန်းချီဆရာ(၄)ဦး၏ပန်းချီပြပွဲကျင်းပ

————————————

၂၀၂၅ခုနှစ်၊ဇန်နဝါရီလ၊(၂၁)ရက်

ကနုတ်၊ကပီ၊နရီ၊ကဇာစတဲ့မြန်မာမှု့ မြန်မာ့ရိုးရာဟန်ပန်းချီလက်ရာ‌တွေကို ဦးစားပေးရေးဆွဲပြသထားတဲ့ WALKERS WITH THE PASTပန်းချီပြပွဲကိုကျောက်တံတားမြို့နယ်ရှိ ရွှေခေတ်ဦး ပန်းချီ ပြခန်းမှာကျင်းပနေတယ်လို့ သိရပါတယ်။

ပြပွဲကို ၁၈.၁.၂၀၂၅ကနေ ၂၁.၁.၂၀၂၅အထိ ကျင်းပနေပြီးမနက် ၁၀ နာရီ မှ ညနေ ၅နာရီအထိပြသနေတာ ဖြစ်ပါတယ်။

ဒီပြပွဲမှာ မြန်မာမှု့ မြန်မာရိုးရာဟန်ကို ဦးစားပေးရေးလေ့ရှိတဲ့ ပန်ချီဆရာ လေးယောက်ဖြစ်တဲ့ဆရာ Tay Zar Lynn၊ဆရာ Zin Min Hlaing၊ဆရာ Shar Lay၊ဆရာ Aung Paintingတို့ရဲ့ ဆန်းသစ်တဲ့လက်ရာတွေကို ခင်းကျင်းပြသထားတယ်လို့ သိရပါတယ်။

#Mercury#mercurynews#ပြည်တွင်းသတင်း#မြန်မာမှုပန်းချီ#မြန်မာ့ရိုးရာ