၂၀၂၄၊စက်တင်ဘာလ၊၉ရက်
မြန်မာ လူငယ် MMAကစားသမား သန့်စင်ဟာ One Fridayပွဲစဉ်အဖြစ် ဂျပန်ဖိုက်တာ တာကဲရု နဲ့ စက်တင်ဘာ ၂၇ရက်နေ့မှာ ယှဉ်ပြိုင်သွားရမယ်လို့ One Championshipကတရားဝင်ထုတ်ပြန်ထားပါတယ်။
မူလက တာကဲရုနဲ့ ဘလက်ပန်ဒါတို့ကိုတွဲဆိုင်းအဖြစ် စီစဥ်ထားတာဖြစ်ပေမဲ့ ဘလက်ပန်ဒါက ဒဏ်ရာကြောင့်နုတ်ထွက်သွားတာကြောင့် မြန်မာဖိုက်တာ သန့်စင်နဲ့ပြောင်းလဲစီစဥ်လိုက်တာလို့သိရပါတယ်။
မြန်မာဖိုက်တာ သန့်စင်နဲ့ ယှဉ်ပြိုင်ရမဲ့ ဂျပန်ဖိုက်တာ တာကဲရုက ဂျပန် Kickboxing Champion (၁)ယောက်ဖြစ်ပြီး ပွဲဉီးထွက်မှာတော့ ထိုင်းနာမည်ကြီးဖိုက်တာ စူပါလတ်ကိုရူံးနိမ့်ထားခဲ့သူဖြစ်ပါတယ်။