၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊(၂၈)ရက်
မြန်မာပြည်သူတစ်ရပ်လုံးအပေါ်မျက်နှာမူတဲ့ ချစ်ကြည်ရင်းနှီးတဲ့မူဝဒကို လက်ကိုင်စွဲထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Ms. Ma Jia ကပြောကြားလိုက်ပါတယ်။
စက်တင်ဘာလ(၂၇)ရက်နေ့ကရန်ကုန်မြို့မှာတရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ်ပြည့် အထိမ်းအမှတ်နဲ့သံအမတ်ကြီး Ms. Ma Jia ကြိုဆိုဧည့်ခံပွဲအခမ်းအနားမှာပြောကြားခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia၊က” တရုတ်နိုင်ငံအနေနဲ့ တရုတ်-မြန်မာဆက်ဆံရေး တိုးတက်လာမှုကို အိမ်နီးနားချင်းနိုင်ငံများနဲ့သံတမန်ဆက်ဆံရေးမှာ အရေးကြီးနေရာကအမြဲထားရှိထားပြီး မြန်မာပြည်သူတစ်ရပ်လုံးအပေါ် မျက်နှာမူတဲ့ ချစ်ကြည်ရင်းနှီးတဲ့မူဝါဒကို လက်ကိုင်စွဲထားတယ်လို့ပြောပါတယ်။
တရုတ်-မြန်မာပြည်သူတွေရဲ့ စိတ်နှလုံးချင်းဆက်နွယ်မှုကို အဆက်မပြတ်မြှင့်တင်ပြီးလက်တွေ့ကျတဲ့ပူးပေါင်းဆောင်ရွက်မှုကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။