၂၀၂၄၊စက်တင်ဘာလ၊၁၇ရက်
မြန်မာနိုင်ငံတစ်ဝန်းမှာ ရေကြီးရေလျှံမှုတွေကြောင့် မြို့နယ်ပေါင်း ၈၄ မြို့နယ်က သီးနှံစိုက်ဧကပေါင်း ခြောက်သိန်းခွဲနီးပါး ရေနစ်မြုပ်နေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ရေကြီးရေလျှံမှုကို ဆိုးဆိုးဝါးဝါး ကြုံတွေ့ခဲ့ရတဲ့ နေပြည်တော်၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ဧရာ၀တီတိုင်းတို့ရဲ့ စိုက်ပျိုးမြေတွေက ရေနစ်မြုပ်ပျက်စီးသွားတယ်လို့သိရပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနကတော့ ထိခိုက်ပျက်စီးတဲ့ စိုက်ပျိုးမြေတွေမှာ ရာသီအလိုက် သီးနှံတွေ အချိန်မှီ ပြန်စိုက်နိုင်ဖို့ နည်းပညာနဲ့ အကူအညီတွေ ပံ့ပိုးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။