Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မြန်မာနိုင်ငံတစ်ဝန်းမှာ ရေဘေးသင့်ပြည်သူ ၈သိန်းကျော်ရှိနေတယ်လို့ ကုလသမဂ္ဂ ထုတ်ပြန်

၂၀၂၄၊စက်တင်ဘာလ၊၂၁ရက်

မြန်မာနိုင်ငံမှာ ရေဘေးသင့်ပြည်သူ ၈ သိန်း ၈ သောင်းကျော် ရှိပြီး သေဆုံးသူ ၃၀၀ ကျော်ရှိသွားပြီလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်လိုက်ပါတယ်။

မန္တလေးတိုင်းမှာ ရေဘေးသင့်ကျေးရွာ ၁၅ ရွာက လူ ၂၃၀ ကျော် သေဆုံးခဲ့ပြီး လူ ၅၀ ကျော် ရမည်းသင်းဆေးရုံကြီးမှာ ဆေးကုသခဲ့ရသလို ရှမ်းပြည်နယ်တောင်ပိုင်းက မြို့နယ် ၂၆ မြို့နယ်မှာ ရေကြီးမြေပြို့ခဲ့တာတွေကြောင်း သေဆုံးသူ အနည်းဆုံး လူ ၇၈ ယောက်ရှိခဲ့ပြီး ၄၇ ဦး ဆေးကုသခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ရေဘေးကြောင့်ထိခိုက်ပျက်စီးမှုအများကြီးဖြစ်ပေါ်ခဲ့တာကြောင့် နိုင်ငံတကာကလည်း ဝိုင်းဝန်းကူညီနေကြပြီး ပြန်လည်ထူထောင်ရေးတွေလည်းလုပ်ဆောင်နေကြရတာဖြစ်ပါတယ်။