—————————————————————-
၂၀၂၅ခုနှစ်၊ဇန်နဝါရီလ၊(၁၈)ရက်
မြန်မာကျောင်းသားတွေအနေနဲ့ ဆွစ်ဇာလန်ဗီဇာရရှိမှုအားကောင်းနေပြီးဆွစ်ဇာလန်မှာ ကျောင်းတက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ ကျောင်းသူ ကျောင်းသားဗီဇာရရှိမှု ကောင်းမွန်နေဆဲဖြစ်တဲ့ ဆွစ်ဇာလန်နိုင်ငံမှာ ကျောင်းတက်ပြီး နိုင်ငံတကာကျောင်းသူကျောင်းသားတွေအနေဖြင့် အချိန် (၄) လမှ (၆) လအတွင်း Paid Internship ရရှိနိုင်မှာဖြစ်ပါတယ်။
အဲဒီ့အပြင် 94% Employability ရရှိကြသော ဆွစ်ဇာလန်နိုင်ငံရှိ Hotel and Tourism Management Institute Switzerland (HTMi)မှာ ကျောင်းဝင်ခွင့်ပြင်ဆင်လျှောက်ထား နိုင်မယ့်အခွင့်အရေး၊ ပညာသင်ဆုနှင့် အလုပ်အကိုင်အခွင့်အလမ်းအကြောင်းအရာများကို University Representative နှင့်လူကိုယ်တိုင် ရှင်းလင်းပြောပြပေးသွားမယ့်အွန်လိုင်း ဆွေးနွေးပွဲလေးကို Crown Education Myanmarမှ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
အဲဒီ့အွန်လိုင်းဆွေးနွေးပွဲကို ဇန်နဝါရီလ(၂၅)ရက်မှာ ဆောင်ရွက်သွားမှာ ဖြစ်ပြီး Crown Education MyanmarမှာRegistrationသွင်းပြီး Zoomဖြင့်ပါဝင်ဆွေးနွေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။