ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ်မှာ ဒုဋ္ဌဝတီမြစ်ထဲကို ရေဆင်းချိုးတဲ့ ကလေးနှစ်ယောက် ရေနစ် ေ..–သဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေသွားရောက်ဆောင်ရွက်ခဲ့တဲ့ နယ်စည်းမခြား ပရဟိတ (သီပေါ) အဖွဲ့က အသိပေးထားပါတယ်။
ဒီအဖြစ်အပျက်ဟာ မတ်လ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့ပြီး ေ..–သဆုံးသွားတဲ့ ကလေး ၂ ယောက်က သီပေါမြို့နယ် မီးရထားရပ်ကွက်မှာ နေထိုင်တဲ့ အသက် (၁၄)နှစ်အရွယ် ယောကျ်ားလေးတွေဖြစ်ကြပါတယ်၊၊
ကလေး ၂ ယောက် ရေနစ်ပျောက်ဆုံးနေကြောင်း သတင်းရလိုက်ပြီးတဲ့နောက် နယ်စည်းမခြား ပရဟိတ(သီပေါ)အဖွဲ့နဲ့ ကောင်းမှုရှင်အသင်းတို့က ဒေသခံပြည်သူတွေနဲ့အတူ ဝိုင်းဝန်းရှာဖွေပေးခဲ့ပေမယ့် အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ခြင်း မရှိတော့ဘဲ ရုပ်အလောင်းတွေကိုသာ ပြန်ရခဲ့တယ်လို့ သတင်းကြားသိရပါတယ်။