Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မြစ်ကြီးနားမှာ ဧရာ၀တီမြစ်ရေ ၁၂ပေနီးပါးမြင့်တက်လာ၊သတိထားစောင့်ကြည့်ဖို့လို

၂၀၂၅၊ဧပြီလ၊၂၅ရက်

ကချင်ပြည်နယ်မြစ်ကြီးနားမြို့မှာ ဧပြီလ ၂၃ရက်နေ့ည ပိုင်းက စတင်ပြီး ဧရာ၀တီမြစ်ရေ မြင့်တက်လာပြီး ယနေ့ မနက် ၆နာရီအထိ စုစုပေါင်း ၁၂ပေနီးပါး မြင့်တက်လာတယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့၊မိုးလေ၀သနဲ့ ဇလ‌ဗေဒ ဦးစီးဌာနက ၀န်ထမ်းတစ်ဦးက “မြစ်ရေက လက်ရှိဆို ၁၁ပေကျော်ထင်တယ်။အခုအနေအထားက အထက်မှာမိုးများလို့ ဖြစ်ပြီး အရမ်းတော့ မစိုးရိမ်ရသေးဘူးလို့ ပြောရမှာပါ။ဒါပေမယ့် ပေါ့လို့တော့မရဘူး။သတိနဲ့ စောင့်ကြည့်နေရမယ်”လို့ Mercury News ကိုပြောပါတယ်။

မြစ်ကြီးနားမြို့၊စီတာပူရပ်ကွက်ကဒေသခံတစ်ဦးကလည်း “မနှစ်ကလိုဖြစ်လာမှာတော့စိုးရိမ်တယ်။ပြီးတော့ မြစ်ကြီးနားမှာဖြစ်ရင် ဘယ်သူမှလာကူတာမဟုတ်ဘူး။အခြေအနေဆိုးလဲ ကိုယ်ထူကိုယ်ထဘဲ လုပ်ရတာ။စောင့်ကြည့်နေပါတယ်။”လို့ လည်း ပြောခဲ့ပါတယ်။

မြစ်ကြီးနားမြို့ဟာ ယခင်နှစ်ကမှ ရေကြီးရေလျှံမှုဒဏ်ကို ဆိုးဆိုးဝါးဝါး ခံထားရတာဖြစ်ပြီး ဒေသပိုင်းဆိုင်ရာ အနေအထား အရ နှစ်စဉ်တိုင်း အခြေအနေ တစ်ခုအထိ ရေကြီးလေ့ရှိတဲ့ ဒေသဖြစ်ပါတယ်။

ဓါတ်ပုံ-မနှစ်က မြစ်ကြီးနား ရေကြီးသည့် အခြေအနေ