၂၀၂၄ သြဂုတ်(၁၃)ရက်
မြင်းခြံမြို့ရှိ သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ နှစ်ရုံ အရေးပေါ်ရပ်တန့်ခဲ့တဲ့ အတွက် ယာယီဓာတ်အားပြတ်တောက်မှုတွေဖြစ်ပေါ်နိုင်တယ်လို့ရန်ကုန်လျှပ်စစ်ဓာတ် အားပေးရေးကော်ပိုရေးရှင်း ယနေ့သတင်းထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံတော်ဓာတ်အားစနစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ပို့လွှတ်နေတဲ့ V- Power သဘာဝ ဓာတ်ငွေ့သုံးစက်ရုံ (မြင်းခြံ) နဲ့Sembcorp သဘာဝ ဓာတ်အားသုံးစက်ရုံ (မြင်းခြံ) တို့ ဩဂုတ်လ(၁၂)ရက်နေ့ ကလျှပ်စစ်ထုတ်လုပ်ပို့လွှတ်မှုအရေးပေါ်ရပ်တန့်ခဲ့ရတဲ့အတွက်လျှပ်စစ်ဓာတ်အားထုတ်လုပ်ပို့လွှတ်မှု (၄၉၂၀)မဂ္ဂါဝပ် နာရီခန့်လျော့နည်းသွားတယ်လို့ဆိုပါတယ်။
အဲဒီအတွက်ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့မှာ သုံးစွဲဝန်အားထက် လျော့ချဓာတ်အားဖြန့်ဖြူးပေးခြင်းနဲ့စက်မှုဇုန် များကို ညပိုင်းမှာ ဓါတ်အားဖြန့်ဖြူးပေးခြင်းများလျှော့ချနေတဲ့ အတွက်ယာယီဓါတ် အာပြတ်တောက်မှုများရှိနိုင်တယ်လို့ကော်မတီကထုတ်ပြန်ပါတယ်။
သဘာဝဓာတ်အားသုံးစက်ရုံနှစ်ရုံကနေ လျှစ်စစ်ဓါတ်အားထုတ်လုပ်နိုင်မှုမရှိချိန်ကာလအတွင်း မှာဓာတ်အားစနစ်တည်ငြိမ်စေရေးအတွက် ရေအားလျှပ်စစ်စက်ရုံများကနေဓာတ်အားဖြည့်တင်းခြင်း၊ အရေးပေါ် ၀န်အားထိန်းညှိမှုများဆောင်ရွက်နေတယ်လို့သိရပါတယ်။