Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မျှဝေမှုများနေတဲ့ သရုပ်ဆောင်ထူးခန့်ကျော်ရဲ့ဆေးကုသမှု ဗီဒီယိုဟာ ပရောဂနဲ့ ဘာမှမဆိုင်ဘဲ Incisional Hernia သာဖြစ်တယ်လို့ ဆရာဝန်တွေပြော


ဒီဇင်ဘာ ၁

ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်စာမျက်နှာထက်မှာ မျှဝေမှုအရမ်းများနေတဲ့ သရုပ်ဆောင်ထူးခန့်ကျော်ရဲ့ ဆေးကုသမှု ဗီဒီယိုဖိုင်တစ်ခုဟာ သူပြောထားသလိုမျိုး ပယောဂနဲ့ ဘာမှမသက်ဆိုင်ဘဲ ဆေးပညာအရ Incisional Hernia လို့ ခေါ်တဲ့ ရောဂါပြဿနာတစ်ခုသာဖြစ်တယ်လို့ ဝါရင့်ဆရာဝန်တွေက အသိပေးလိုက်ပါတယ်။

သရုပ်ဆောင် ထူးခန့်ကျော်က “ဆယ်သိန်းပေးပြီး လုပ်ခိုင်းတာတဲ့ဗျာ၊ အမျိုးတွေအားလုံး ဘေးအမျိုးမျိုး ရန်အသွယ်သွယ်မှ ကင်းဝေးကြပါစေ” ဆိုတဲ့စာသားနဲ့အတူ နိုဝင်ဘာလ ၂၉ ရက်နေ့က ဒီဗီဒီယိုဖိုင်ကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်စာမျက်နှာထက်မှာ လွှင့်တင်ဖော်ပြထားပါတယ်။

သရုပ်ဆောင်ထူးခန့်ကျော်က အောက်လမ်းအစီအရင်နဲ့ အဲ့ဒီအောက်လမ်းစီရင်သူကို ငွေ ၁၀ သိန်းပေးပြီး လုပ်လိုက်လို့ ဒီလိုဖြစ်ရတာဆိုပြီး သူ့စာသားတွေနဲ့အတူ ရည်ညွှန်းထားတာဖြစ်ပါတယ်။

ဝါရင့်ဆရာဝန်တစ်ဦးက “အဲ့ဒါ အောက်လမ်းစီရင်မှုလည်းမဟုတ်ဘူး။ အပမှီတာ၊ ပယောဂကပ်တာလည်း မဟုတ်ဘူး။ ဒါကို ဆေးပညာအရ Incisional Hernia လို့ ခေါ်တယ်။ အရင်တုန်းက ခွဲစိတ်မှုတစ်ခုခု ပြုလုပ်ထားပြီးတဲ့နောက်ပိုင်းမှာ ဝမ်းဗိုက်ကြွက်သားတွေ အဆင်မပြေဖြစ်ပြီး ဝမ်းတွင်းမှာရှိတဲ့ ကလီစာတွေ တိုးထွက်လာလို့ ဖြစ်တတ်တဲ့ ပြဿနာတစ်ခုပါ။ အများစုက ဘာပြဿနာမှ မရှိဘဲ ဒီခံစားရမှုကို ကုသလို့ ရပါတယ်။ ဝေဒနာခံစားရတဲ့အခြေအနေအပေါ်မူတည်ပြီး လိုအပ်ရင် ခွဲစိတ်ကုသလိုက်တာနဲ့ ပြန်ကောင်းသွားမှာပါ” လို့ ထူးခန့်ကျော်ရဲ့ ဗီဒီယိုဖိုင်ကို ကြည့်ရှုပြီးတဲ့နောက် ဒါဟာ ဆေးပညာအရ Incisional Hernia ရောဂါသာဖြစ်တယ်ဆိုတာကို ရှင်းပြသွားခဲ့ပါတယ်။