ရန်ကုန် အပါအဝင် ပြည်နယ်နဲ့ တိုင်းအသီးသီးဆီကို စက်သုံးဆီသယ်ယူပို့ဆောင်ပေးနေတဲ့ ဆီသယ်ယာဥ်တွေကို မျောစာ မပါလာကြောင်း စစ်ဆေးတွေ့ရှိရင် လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူတော့မယ်လို့ Thilawa Task Force စက်သုံးဆီသယ်ဆောင်ခွင့်လက်မှတ် (မျော) ထုတ်ပေးရေးအဖွဲ့က အသိပေးထားပြီလို့ သိရှိရပါတယ်။
သီလဝါ Terminal တွေကနေ တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေဆီ စက်သုံးဆီပို့ဆောင်ပေးမယ့် ဆီတင်ယာဉ်တွေကို ဒီဇင်ဘာလ ၁၄ ရက် ညနေ ၄ နာရီက စပြီး စက်သုံးဆီသယ်ဆောင်ခွင့်လက်မှတ်(မျော) တွေ စတင်ထုတ်ပေးနေပြီလည်း ဖြစ်ပါတယ်။
ဆီတင်ယာဉ်မှာ ဆီအပြည့်ဖြည့်ပြီးရင် ဆီတင်ယာဉ်တွေအနေနဲ့ မြတ်မေတ္တာမွန်Terminal မှာရှိတဲ့ စက်သုံးဆီသယ်ဆောင်ခွင့် လက်မှတ်မျော ထုတ်ပေးရေးအဖွဲ့ဆီ ဆက်သွယ်အကြောင်းကြားရမယ်လို့ သိရှိရပါတယ်။
ဒါ့အပြင် သီလဝါပြင်ပက PT Power Terminal (သာကေတ)၊ Denko Terminal(ရွှေလင်ဗန်း)၊ မြဝတီ(ပိတောက်ချောင်း)၊ အဏ္ဏဝါလွမ်း ဗော်ယာ၊ BOC Terminal တို့ကနေ တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေဆီကို စက်သုံးဆီ ပို့ဆောင်မယ့် ဆီတင်ယာဉ်တွေအနေနဲ့ ဆီဖြည့်ပြီးရင် မျောထုတ်ယူဖို့အတွက် Viber ကနေ လျှောက်ထားနိုင်တယ်လို့ အသိပေးထားပါတယ်။