Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မျောက်ကျောက်ရောဂါသံသယလူနာတွေ့ပါက ဝေဘာဂီဆေးရုံသို့ပို့ဆောင်ကုသရန်ပြင်ဆင်ထား

————————————————————————————————————————

၂၀၂၄ခုနှစ်၊သြဂုတ်လ၊(၂၇)ရက်

မျောက်ကျောက်ရောဂါသံသယလူနာတွေ့ပါက ဝေဘာဂီဆေးရုံသို့ပို့ဆောင်ပြီး ကျန်းမာရေးစောင့်ရှောက် မှုပေးသွားဖို့ပြင်ဆင်ထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်။

လတ်တလောသြဂုတ်လ(၂၁)ရက်မှသြဂုတ်လ(၂၆)ရက်အထိ ပြည်ပနိုင်ငံမှ ဝင်ရောက်လာသူ(၉၄၅၀)ဦးကို စောင့်ကြပ်ကြည့်ရူတဲ့လုပ်ငန်းဆောင်ရွက်ရာ မျောက်ကျောက်သံသယလူနာကိုမတွေ့သေးဘူးလို့ ဆိုပါတယ်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မျောက်ကျောက်ရောဂါကာကွယ်ရေးအနေနဲ့ပြည်ပနိုင်ငံတွေမှ ဝင်ရောက်လာတဲ့သူတွေကို ကိုယ်အပူချိန် တိုင်းတာတာ၊ ကျန်းမာရေးကြေညာချက်စစ်ဆေးတာ၊ ခရီးသည်တွေကို မျောက်ကျောက်‌ရောဂါနဲ့ပတ်သက်လို့ နှိုးဆော်ထားရှိတာတွေကို ရန်ကုန်တိုင်းဒေသကြီး၊ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ စဉ်ဆက်မပြတ် ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။

မျောက်ကျောက်ရောဂါသံသယလူနာတွေ့ရှိပါက ဝေဘာဂီဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင်ပြီး ကျန်းမာရေး စောင့်ရှောက်မှုပေးဖို့ ပြင်ဆင်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။