Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မော်လိုက်မြို့နှင့်မိုင်းဖြတ်မြို့အနီး ငလျင်လှုပ်

——————————-

၂၀၂၄ခုနှစ်၊ဒီဇင်ဘာလ၊(၁၁)ရက်

မော်လိုက်မြို့နဲ့မိုင်းဖြတ်မြို့အနီး အင်အားရစ်တာစကေး (၄.၅)နဲ့(၃.၁) အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ မြေငလျင်ဌာနခွဲမှ သိရပါတယ်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇)နာရီ၊ (၅၅)မိနစ်၊ (၅၈) စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် (၄၂) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မော်လိုက်မြို့၏ အရှေ့ဘက် (၃) မိုင်ခန့် အကွာ)မှာ လှုပ်ခဲ့သလို

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၀) နာရီ၊ (၂၆) မိနစ်၊ (၂၀) စက္ကန့် အချိန်တွင် ကျိုင်းတုံမြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် မိုင် (၂၀) ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (မိုင်းဖြတ်မြို့၏ အ‌နောက်မြောက်ဘက် မိုင် (၂၀) ခန့်အကွာ)မှာ လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

အခုရက်ပိုင်းမှာရှမ်းပြည်နယ်အပါအဝင် ဒေသအချို့မှာ ငလျင်ငယ်တွေခပ်စိတ်စိတ်လှုပ်ခတ်နေသဖြင့် သတိပြုနေထိုင်ကြဖို့လိုအပ်တယ်လို့ သိရပါတယ်။

#mercury#mercurynews#ငလျင်#ပြည်တွင်းသတင်း