ရိုးမားနည်းပြရာထူးကနေ မော်ရင်ညို ထုတ်ပယ်ခံလိုက်ရတဲ့နေ့ဟာ ရိုးမားအသင်းအခြေစိုက် ရောမမြို့ကြီး ၂,၇၇၈ နှစ်ပြည့်တဲ့နေ့ဖြစ်ပါတယ်။
ရိုးမားအသင်းတာဝန်ရှိသူတွေဟာ အသင်းရဲ့ရလဒ်တွေ ဆိုးရွားလာခဲ့ပြီးတဲ့နောက် မော်ရင်ညိုကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
မော်ရင်ညိုကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီးတဲ့နောက် အသင်းသစ္စာတော်ခံကစားသမားဟောင်းတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ခဲ့ဖူးတဲ့ ဒီရော့စီကို ရိုးမားနည်းပြအဖြစ် တာဝန်ပေးအပ်လိုက်ကြောင်း ရိုးမားက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီရော့စီ ဟာ ရိုးမားကို ၆ လသက်တမ်းစာချုပ်နဲ့ လက်ရှိဘောလုံးရာသီ ပြီးဆုံးချိန်ထိတိုင် တာဝန်ယူသွားပေးမယ်လို့ ဆိုပါတယ်။
ဒီရော့စီဟာ ကစားသမားဘဝ အနားယူခါနီးမှာ အာဂျင်တီးနားကလပ် ဘိုကာဂျူနီယာဆီကို ဘောလုံးတစ်ရာသီကြာ သွားရောက်ကစားခဲ့တာကလွဲလို့ ရိုးမားတစ်သင်းတည်းအတွက်ပဲ စွဲမြဲစွာ ပေးဆပ်ကစားခဲ့သူဖြစ်ပါတယ်။