—————————————–
၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊(၃၀)ရက်
မုန်တိုင်းKARATHONအရှိန်နဲ့ ရွေ့လျားလာမယ့်မိုးတိမ်တွေကြောင့် အခုရက်ပိုင်းမှာရန်ကုန်နဲ့ဒေသအချို့ မိုးပြန်များလာနိုင်တယ်လို့ မိုးလေ၀သပညာရှင်ဦးဝင်းနိုင်ကသတိပေးထားပါတယ်။
မုန်တိုင်းအကြွင်းအကျန် လေပွေလှိုင်းလိုဝင်ရောက်လာတဲ့ မိုးတိမ်များမဟုတ်တာကြောင့် အလွန်အမင်းစိုးရိမ်စရာမလို ဘူးလို့လည်းဆိုပါတယ်။
ရှမ်းအရှေ့၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ဧရာဝတီ တိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်တွေမှာ စက်တင်ဘာ ၃၀ ရက် နံနက် ၆ နာရီမှ အောက်တိုဘာ ၂ ရက် နံနက် ၆ နာရီအထိ၄၈ နာရီအတွင်း မိုးရေချိန် ၈၀ မီလီမီတာအထက်(၃ လက်မနှင့် အထက်)မိုးများနိုင်တယ်လို့ဆိုပါတယ်။