Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မုန်တိုင်းနှစ်ခုအရှိန်ဖြင့် မြန်မာနိုင်ငံအနှံ့မိုးသက်လေပြင်းတိုက်ခတ်ပြီးမိုးကြီးမည်

—————————————-

၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊(၆)ရက်

မြန်မာနိုင်ငံဟာ တိုင်ဖွန်းမုန်တိုင်းအရှိန်နဲ့ မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာပြည်အနှံ့ မိုးသက်လေပြင်းတွေတိုက်ခတ်ပြီး မိုးကြီးဖို့ရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရပါတယ်။

တောင်တရုတ်ပင်လယ်ပြင်မှာ တိုင်ဖွန်းမုန်တိုင်း ဖြစ်ပွားနေသလို ဘင်္ဂလားပင်လယ်အော်မှာလည်း လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းငယ်အထိဖြစ်ပေါ်နိုင်တဲ့အတွက် စက်တင်ဘာလ(၈)ရက်မှ စက်တင်ဘာလ(၁၂)ရက်အတွင်း မိုးသက်လေပြင်းတွေတိုက်ခတ်ပြီး မိုးကြီးဖို့ရှိပါတယ်။

နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာတာ၊အချို့ဒေသ တွေမှာ ဒေသအလိုက်နဲ့နေရာကွက်ပြီး မိုးကြီးတာနဲ့အတူ လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထားပါတယ်။

မိုးသည်းထန်စွာရွာသွန်းဝာာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ လျှပ်တစ်ပြက်ရေကြီးတာနဲ့ မြေပြိုတာစတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်လို့ ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူ တွေအနေနဲ့ မြေပြိုမှုအန္တရာယ်သတိထားဖို့လိုပါတယ်။

မြစ်ငယ်၊ ချောင်းငယ်တွေအနီးမှာ နေထိုင်သူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှု တွေကို ကြိုတင်သတိပြုနိုင်ပါဖို့နဲ့ ပြည်တွင်းရေကြောင်း သွားလာရေးနဲ့ လေကြောင်း ပျံသန်းရေးအနေနဲ့လည်း ကြိုတင်သတိပြုနိုင်ဖို့လိုအပ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသတိပေးထားပါတယ်။