Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မုန်တိုင်း’ဒါနာ’အားလျော့သွားပြီဖြစ်သော်လည်းမုန်တိုင်း’ထရမ်မီ’ အရှိန်ကြောင့်ဒေသအချို့မိုးသည်းဦးမည်


၂၀၂၄ခုနှစ်၊အောက်တိုဘာလ၊(၂၅)ရက်

ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ ဆိုက်ကလုန်းမုန်တိုင်း’ဒါနာ’အားလျော့သွားပြီဖြစ်သော်လည်းမုန်တိုင်း’ထရမ်မီ’ အရှိန်သက်ရောက်မှုရှိနိုင်သေးတယ်လို့ သိရပါတယ်။

တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ် နေတဲ့ အားကောင်းသောအပူပိုင်းမုန်တိုင်း“ထရမ်မီ”(TRAMI)ဟာ အနောက်ဘက်ကိုဆက်လက်ရွေ့လျားလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အခုအောက်တိုဘာလ(၂၅)ရက်ညနေပိုင်းအထိခန့်မှန်းချက်အရမကွေးတိုင်းမှာ နေရာကွက်ပြီး မိုးကြီးနိုင်သလိုစစ်ကိုင်းအထက်ပိုင်း၊ မကွေး၊ တနင်္သာရီ၊ ကချင်၊ ချင်းနဲ့ရခိုင်ပြည်နယ်တို့မှာနေရာစိပ်စိပ်၊ 

စစ်ကိုင်းအောက်ပိုင်း၊ မန္တလေးနဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း)တို့မှာ နေရာကျဲကျဲနဲ့ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာတယ်လို့ဆိုပါတယ်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်အနေနဲ့ တနင်္သာရီတိုင်း၊ ကရင်နဲ့မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာသွန်းနိုင်ပါတယ်။

မနက်ဖြန်နံနက်‌ အောက်တိုဘာလ(၂၆)ရက်မှန်းချက်အရ မကွေးတိုင်း၊ တနင်္သာရီတိုင်းတို့မှာ နေရာစိပ်စိပ်၊ 

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တိုမှာ နေရာကျဲကျဲနဲ့ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်း ရွာဖို့ရှိနေပါတယ်။

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ မိုးတိမ်တောင်‌တွေဖြစ်ထွန်းလျက်ရှိပြီး မိုးသက်လေပြင်းတိုက်ခတ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။