———————–
သထုံ၊ နိုဝင်ဘာ ၃၀
မွန်ပြည်နယ်၊ သထုံခရိုင်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်ရဲ့ တိုင်ကောက်လမ်းဝထဲမှာရှိတဲ့ မုန့်ဟင်းခါးဆိုင်လေးတစ်ဆိုင်မှာ မုန့်ဟင်းခါးစားပြီးတဲ့နောက် သူ့ရဲ့ မော်တော်ယာဉ်ဆီကို ပြန်လာတဲ့ လူတစ်ယောက်ဟာ ေ-သနတ်နဲ့ပစ်ခံရပြီး ေ-သဆုံးသွားတယ်လို့ သိရပါတယ်။
ဆိုင်ကယ်တစ်စီးကိုအတူစီးနင်းလာတဲ့လူနှစ်ယောက်ဟာ မုန့်ဟင်းခါးဆိုင်ကနေထွက်လာသူကို ေ-သနတ်နဲ့ပစ်သွားတာလို့ လတ်တလောမှာ သတင်းကြားသိရပါတယ်။
ဒီဖြစ်စဉ်ဟာ ဒီနေ့မနက်ပိုင်း ၉ နာရီကျော်အချိန်မှာ ဖြစ်သွားခဲ့တာဖြစ်ပြီး ပစ်ခတ်ခံခဲ့ရတဲ့ ဦးသန်းနိုင်ကို သိမ်ဆိပ်တိုက်နယ်ဆေးရုံဆီ ပို့ဆောင်ခဲ့ပါသေးတယ်။
ဒါပေမယ့် ဒဏ်ရာပြင်းထန်လွန်းတာကြောင့် ဦးသန်းနိုင်ဟာ ဆေးကုသမှုခံယူနေစဉ်အချိန်မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။
ဒေသခံသတင်းရင်းမြစ်တွေရဲ့ဖော်ပြချက်အရ ေ-သနတ်ကျည်ဆန်ဟာ ဦးသန်းနိုင်ရဲ့ ညာဘက်ရင်အုံကို ထိမှန်ခဲ့တာလို့ သိရှိရပါတယ်။
လက်ရှိအချိန်မှာတော့ တာဝန်ရှိသူတွေက လာရောက်စစ်ဆေးနေပြီး ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။