ရှေးမူလက်ရာအတိုင်းရအောင်ပြန်ပြုပြင်မည်
———————————————————————
၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊(၁၄)ရက်
မိုးသည်းထန်လို့ ထိခိုက်ပျက်စီးခဲ့တဲ့ပုဂံရှေးဟောင်းအဆောက်အအုံ(၉)ဆူကို ရှေးမူလက်ရာမပျက်ဘဲ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပုဂံရှေးဟောင်းသုတေသနနှင့် အမျိုး သားပြတိုက်ဦးစီးဌာနမှ သိရပါတယ်။
လတ်တလောမှာတော့ ထိခိုက်ပျက်စီးခဲ့တဲ့ ပုဂံရှေးဟောင်းအဆောက်အအုံတွေကို မိုးရေကြောင့်ထပ်မံမထိခိုက် အောင်ဆောင်ရွက်တာ၊ပြန်လည်ပြုပြင်ဖို့မိုးရေစိုစွတ်တဲ့ဓာတ်ခမ်းခြောက်သွားအောင်စောင့်ဆိုင်းတာ၊ထိန်းသိမ်းရေးဆောင်ရွက်နိုင်ဖို့ နေရာရှင်းလင်းဖယ်ရှားတာတွေဆောင်ရွက်နေပြီးပြုပြင်ထိန်းသိမ်းရေးတွေဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
အဲဒီလို ပြုပြင်တဲ့နေရာမှာ ဘိလပ်မြေလုံးဝမသုံးဘဲ ရှေးမူလက်ရာအတိုင်း သရိုးကိုင်တာ၊ ပြုပြင်ရေးစံချိန် စံညွှန်းနဲ့ အညီပြုပြင်သွားတာတွေ၊ထိခိုက်ပျက်စီးမှုအနည်းအများအပေါ်မူတည်ပြီးအချိန်ယူဆောင်ရွက်တာ၊ အမြန်ဆုံးဆောင်ရွက်တာတွေဆောင်ရွက်သွားဖို့ရှိတယ်လို့ ပုဂံရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦး စီးဌာနမှတာဝန်ရှိသူတစ်ဦးကပြောပြပါတယ်။
မိုးသည်းထန်လို့ ထိခိုက်ပျက်စီးခဲ့တဲ့ ပုဂံဘုရား(၉)ဆူကတော့ (၁)ဘုရားအမှတ်-၁၊(၂)ဘုရားအမှတ်၁၅၉၇ သဗ္ဗညုဘုရား ၊(၃)ဘုရားအမှတ်-၁၈၁၂ ထီးလိုမင်းလိုဘုရား၊ (၄) ဘုရားအမှတ်- ၁၈၂ (ငှက်ပစ်တောင်အစု) (၅)ဘုရားအမှတ်၁၆၇(ငှက်ပစ်တောင်အစု) ဓမ္မစေတီဘုရား၊(၆) ဘုရားအမှတ်- ၁၀၄၂ ဆင်က အုတ်တိုက် (၇)ဆင်ဖြူရှင်ရေကန် ၊(၈)ဘုရားအမှတ် ၇၁၁ လက်ပွတ်ကန်ဘုရားနဲ့(၉)ဘုရားအမှတ်-၃၄၅ ဘုရား တို့ဖြစ်တယ်လို့ သိရပါတယ်။