ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့ရဲ့ မြို့လယ်ခေါင်မှာရှိတဲ့ ဈေးဟောင်း(စည်ပင်သာယာဈေး)မီးလောင်မှုဟာ ဆိုင်ခန်းပိုင်ရှင်တွေအတွက် အရမ်းပဲ အထိနာလွန်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတွေဟာလည်း အရမ်းပဲ များလွန်းလှတယ်လို့ သိရှိရပါတယ်။
ဇန်နဝါရီလ ၁၉ ရက် ည ၇ နာရီလောက်က ဈေးရဲ့အပြင်ဘက်ဆိုင်ခန်းတွေကနေစလို့ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး တစ်ဈေးလုံးနီးပါး မီးလောင်ကျွမ်းသွားခဲ့တာဖြစ်တယ်လို့ သတင်းကြားသိရပါတယ်။
ဆိုင်ရှင်တွေအနေနဲ့ စီးပွားရေးတွေ ထိခိုက်ပျက်စီးသွားခဲ့သလို ထိတွေ့တိုက်ပွဲဖြစ်ပွားနေတဲ့အခြေအနေတွေကြောင့် ဒေသခံတွေဟာ မီးလောင်ပြင်ဆီကို မီးငြိမ်းသတ်ဖို့ မလာရောက်နိုင်ခဲ့ဘဲ ဘေးလွတ်ရာဆီ ထွက်ပြေးတိမ်းရှောင် ပုန်းခိုဖို့ကိုသာ အားထုတ်နေခဲ့ကြရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ရေးသားထားပါတယ်။
လတ်တလောမှာတော့ မိုးမိတ်နဲ့ထိစပ်နေတဲ့ မဘိမ်းမြို့ဆီကိုလည်း ထိတွေ့တိုက်ပွဲတွေ ကူးစက်ရောက်ရှိလာခဲ့ပြီဖြစ်ပြီး တိုက်ပွဲအခြေအနေက ပြင်းထန်လွန်းတာကြောင့် မဘိမ်းဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြပြီလို့ သိရှိရပါတယ်။