Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မိုးနှောင်းကာလနှစ်လတာအတွင်း မြစ်ရေများစိုးရိမ်ရေအမှတ်အထက်ကျော်လွန်ဦးမည်

————————————————————————————————————

၂၀၂၄ခုနှစ်၊သြဂုတ်လ၊(၂၈)ရက်

မိုးနှောင်းကာလဖြစ်တဲ့ စက်တင်ဘာလနဲ့အောက်တိုဘာလတို့မှာ ဧရာဝတီမြစ်၊ချင်းတွင်းမြစ်အပါအဝင် မြစ်(၁၁)စင်းဟာ စိုးရိမ်ရေအမှတ်အထက်(၁)ကြိမ်စီကျော်လွန်ရောက်ရှိဦးမှာဖြစ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

စက်တင်ဘာလနဲ့အောက်တိုဘာလအတွင်း ဧရာဝတီမြစ်ရေဟာ ပခုက္ကူမြို့၊ညောင်ဦးမြို့၊ဆိပ်သာမြို့၊ ဟင်္သာတမြို့ နဲ့ဇလွန်မြို့တို့မှာ(၁)ကြိမ်စီ စိုးရိမ်ရေအမှတ်အထက်ကျော်လွန်ရောက်ရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ချင်းတွင်းမြစ်ရေကတော့ ကလေးဝ၊မင်းကင်း၊ကနီ၊မုံရွာမြို့တို့မှာ၊ မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ ၊ ဒုဌဝတီမြစ် ရေဟာ မြစ်ငယ်မြို့မှာ ၊စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့မဒေါက်မြို့မှာ ၊‌ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ (၁)ကြိမ်စီအဲဒီ့မြို့တွေရဲ့ စိုးရိမ်ရေအမှတ်အထက်ကျော်လွန်ရောက်ရှိနိုင်ပါတယ်။

ပဲခူးမြစ်ဟာ ပဲခူးမှာ၊သံလွင်မြစ်ရေဟာဘားအံမှာ ၊သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းနဲ့သာပေါင်းမြို့မှာ ၊တိုးမြစ်ဟာ မအူပင်မှာ၊ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့တို့မှာ (၁)ကြိမ်စီအဲဒီ့မြို့တွေရဲ့ စိုးရိမ်ရေအမှတ်အထက်ကျော်လွန်ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။