ပြည်သူတွေက ပြန်ကြိုးစားဖို့ ပြောသလို အဖွဲ့ချုပ်ကလည်း မထွက်ပါနဲ့လို့ တားနေတဲ့ကြားက ကိုယ့်မိသားစုအတွက် ရေကူးမယ်ဘဝကို စွန့်ပြီး မလုပ်ချင်တဲ့ တောင်းရမ်းသူဘဝကို ရွေးလိုက်သူ မသန်စွမ်း ရေကူးမယ် မအေးအေးစန်း
——————-
မအေးအေးစန်းဟာ နိုင်ငံ့ဂုဏ်ဆောင် မသန်စွမ်း ရေကူးအားကစားမယ်ပါ။ သူမရဲ့အားကစားသမားဘဝဖြတ်သန်းမှုတလျှောက်မှာ ဆုတံဆိပ်ပေါင်းများစွာကိုလည်း ဆွတ်ခူးရယူနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ မအေးအေးစန်းဟာ အောင်မြင်မှုတွေရရှိခဲ့တဲ့ မသန်စွမ်းရေကူးအားကစားမယ်ဘဝကို ကျောခိုင်းပြီး တောင်းရမ်းစားသောက်သူတစ်ယောက်အဖြစ် စိတ်မကောင်းဖွယ်ရာ ရှင်သန်ရပ်တည်နေရပါပြီ။ မွေးရာပါ လက်နှစ်ဖက် မရှိသူဖြစ်ပေမယ့် မအေးအေးစန်းက ဘဝကို လုံးဝ အရှုံးမပေးသလို စိတ်ဓာတ်လည်း မကျပါဘူး။ စိတ်ဓာတ်မကျတဲ့အပြင် မိသားစုအရေးအတွက်ပါ သူမရဲ့ဘဝကို ချရင်းလိုက်ပါတယ်။ ပြည်သူတွေက ပြန်ကြိုးစားကြဖို့ ပြောပေမယ့်၊ အဖွဲ့ချုပ်ဘက်က မထွက်ပါနဲ့၊ ကိုယ့်ရဲ့အနာဂတ်အတွက် ဆက်လုပ်ပါလို့ တားကြပေမယ့် ကိုယ့်အနာဂတ်ကို မကြည့်နိုင်တော့ဘဲ ကိုယ့်မိသားစုကိုကြည့်ဖို့အတွက် ရေကူးအားကစားမယ်ဘဝကို စွန့်လွှတ်ကျောခိုင်းခဲ့ရတယ်လို့ မအေးအေးစန်းက ပြောပြပါတယ်။ မအေးအေးစန်းမှာ သားသမီးတွေလည်း ရှိလို့နေပါပြီ။ ကိုယ့်သားသမီးတွေက ငယ်သွားမှာ မဟုတ်ဘူး၊ ကြီးလာမှာဆိုတော့ ကိုယ့်ဝါသနာကို ကျောခိုင်းပြီး ကိုယ်ဝါသနာ မပါတဲ့အလုပ်၊ မလုပ်ချင်တဲ့အလုပ်ဖြစ်တဲ့ တောင်းရမ်းစားသောက်တဲ့ဘဝကို ရွေးလိုက်ရတာလို့ မအေးအေးစန်းက အသိပေးပါတယ်။ ကျန်းမာရေး မကောင်းတဲ့နေ့တွေမှာတောင် မိသားစုအရေးအတွက် တောင်းရမ်းဖို့ မအေးအေးစန်းက ထွက်နေပါတယ်။ ပြည်သူတွေက ပြန်ကြိုးစားဖို့ ပြောသလို အဖွဲ့ချုပ်ကလည်း မထွက်ပါနဲ့လို့ တားနေတဲ့ကြားက မိသားစုအရေးနဲ့ သားသမီးအရေးအတွက် ဝါသနာပါတဲ့ ရေကူးမယ်ဘဝကို ကျောခိုင်းပြီး တောင်းရမ်းသူဘဝကို ရွေးလိုက်သူ မသန်စွမ်းရေကူးမယ် မအေးအေးစန်းရဲ့ဘဝဖြတ်သန်းမှုနဲ့ လေးစားစရာ စိတ်ဓာတ်ခံယူချက်တွေကို Mercury Variety ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။
#MercuryVariety #MV #MercuryExclusiveInterview #MercuryLifeStory #ExclusiveInterview #အေးအေးစန်း #AyeAyeSann #ရေကူးမယ် #Swimmer #Family #မိသားစု #ကျန်းမာရေး #LifeStory #စွန့်လွှတ်ကျောခိုင်း #Yangon #Myanmar