Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မိဘတွေရဲ့အလှကို ဆက်ခံထားတဲ့ ဘရတ်ပစ်နဲ့ အန်ဂျလီနာဂျိုလီတို့ရဲ့သမီး သူမရဲ့အလှအပကြောင့် နာမည်ကြီးလာ

ဘရတ်ပစ်နဲ့ အန်ဂျလီနာဂျိုလီတို့ရဲ့သမီးရင်းဖြစ်တဲ့ ရှီလိုဂျိုလီ-ပစ် ဟာ မိဘနှစ်ပါးရဲ့အလှတရားကို ဆက်ခံထားသူအဖြစ် အရမ်းပဲ နာမည်ကြီးနေပြီလို့ သိရှိရပါတယ်။

ရှီလိုဂျိုလီ-ပစ် ဟာ လက်ရှိမှာတော့ အသက် ၁၄ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး သူမဟာ ၈ လသမီးအရွယ်ကတည်းက မဒမ်တူးဆော့ပြတိုက်မှာ ဖယောင်းရုပ်ပုံသွင်းကာ ထားရှိပြသခံခဲ့ရသူလည်းဖြစ်ပါတယ်။

မဒမ်တူးဆော့ပြတိုက်မှာ ဖယောင်းရုပ်ပုံသွင်းခံခဲ့ရသူတွေထဲမှာ ရှီလိုဂျိုလီ-ပစ်က အသက်အငယ်ဆုံးစံချိန်နဲ့ ဖယောင်းရုပ်ပုံသွင်းခံခဲ့ရသူဖြစ်ပြီး ဒီအကြောင်းကို အရမ်းပဲ လူသိနည်းပါတယ်။

ရှီလိုဂျိုလီ-ပစ်ရဲ့ မျက်လုံးတွေနဲ့ မျက်ခုံးမွေးတွေဟာ ဖခင် ဘရတ်ပစ်ရဲ့အမွေဖြစ်ပြီး ရှီလိုဂျိုလီ-ပစ်ရဲ့နှုတ်ခမ်းနဲ့ ပါးစပ်ကတော့ မိခင် အန်ဂျလီနာဂျိုလီနဲ့ ချွတ်စွပ်တူတယ်လို့ မီဒီယာတွေက ရေးသားထားပါတယ်။

ရှီလိုဂျိုလီ-ပစ် ဟာ အသက် ၁၄ နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့် လူမှုကွန်ရက်စာမျက်နှာ လုံးဝမသုံးဘဲ သူမနဲ့ပတ်သက်ပြီး တည်ထောင်ထားတဲ့ လူမှုကွန်ရက်စာမျက်နှာတွေအားလုံးက ပရိသတ်တွေဖန်တီးထားတဲ့ Fanpage တွေသာဖြစ်တယ်လို့ သိရှိရပါတယ်။