Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မာရသွန် ကမ္ဘာ့စံချိန်ရှင် အသက် ၂၄ နှစ်အရွယ် ကယ်လ်ဗင် ကစ်ပ်တမ်း ယာဉ်တိုက်မှုကြောင့် ကွယ်လွန်

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလတုန်းက ကျင်းပခဲ့တဲ့ ချီကာဂိုမာရသွန်ပြိုင်ပွဲမှာ ကမ္ဘာ့စံချိန်တင်သွားခဲ့တဲ့ ကင်ညာအပြေးသမား ကယ်လ်ဗင် ကစ်ပ်တမ်းဟာ ယာဉ်တိုက်မှုကြောင့် ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။

ကယ်လ်ဗင် ကစ်ပ်တမ်းဟာ ကွယ်လွန်ချိန်မှာ အသက်အားဖြင့် ၂၄ နှစ်အရွယ်ပဲ ရှိပါသေးတယ်။ ဇာတိ ကင်ညာနိုင်ငံမှာ ယာဉ်မတော်တဆမှုဖြစ်ပွားပြီးတဲ့နောက် ကယ်လ်ဗင် ကစ်ပ်တမ်းက ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ဒီယာဉ်တိုက်မှုဖြစ်စဉ်မှာ ကယ်လ်ဗင် ကစ်ပ်တမ်းရဲ့နည်းပြဖြစ်သူ ရဝမ်ဒါနိုင်ငံသား ဟာကီဇီမာနာလည်း အသက်ဆုံးပါးသွားခဲ့ရပါတယ်။

ကင်ညာမြို့ အနောက်တောင်ပိုင်းဆီက တာဝေးအပြေးသမားတွေအတွက် စီစဉ်ပေးထားတဲ့ လေ့ကျင့်ရေးစခန်းရှိရာ ကာတာဂတ်မြို့အနီးမှာ ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့တာဖြစ်ပြီး ချီကာဂိုမာရသွန်ပြိုင်ပွဲမှာ ကယ်လ်ဗင် ကစ်ပ်တမ်းက ၂ နာရီ ၃၅ စက္ကန့်နဲ့ ကမ္ဘာ့စံချိန်ကို တင်ရှိခဲ့တာဖြစ်ပါတယ်။

ကယ်လ်ဗင် ကစ်ပ်တမ်းရဲ့မာရသွန် ကမ္ဘာ့စံချိန်ကို ပြီးခဲ့တဲ့အင်္ဂါနေ့က ကမ္ဘာ့ပြေးခုန်ပစ်အဖွဲ့ကနေ တရားဝင်အတည်ပြုပေးပြီးနောက် ရက်ပိုင်းအတွင်းမှာတင်ပဲ အခုလိုဖြစ်ရပ်ဆိုးနဲ့ ကယ်လ်ဗင် ကစ်ပ်တမ်းက အသက်တိမ်းပါးသွားခဲ့ရပါတယ်။