ဒီနေ့(ဇန်နဝါရီလ ၁၉ ရက်)မှာ ကျင်းပခဲ့တဲ့ One Lumpinee 48 One Fight ပြိုင်ပွဲမှာ မြန်မာလက်ဝှေ့သမား ထွန်းမင်းနိုင်(ခ)ဆူလေမန်နဲ့ မလေးရှားလက်ဝှေ့သမား ကာဘီဘန် ဂျီလီဗန်တို့ စိတ်မကျေပွဲ ယှဉ်ပြိုင်ခဲ့ကြပြီး အခုပွဲစဉ်မှာလည်း မလေးရှားဖိုက်တာကပဲ အမှတ်နဲ့ အနိုင်ယူသွားခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့ရိုးရာလက်ဝှေ့ ချန်ပီယံဟောင်း ထွန်းထွန်းမင်းရဲ့ညီဖြစ်တဲ့ ထွန်းမင်းနိုင်(ခ)ဆူလေမန်နဲ့ မလေးရှားလက်ဝှေ့သမား ကာဘီလန် ဂျီလီဗန်တို့ရဲ့ပွဲစဉ်ဟာ ပွဲချီ ၃ ချီပြည့်တဲ့အထိ တစ်ယောက်ကို တစ်ယောက်က အလဲထိုးနိုင်ခြင်း မရှိခဲ့လို့ အမှတ်ပေးဒိုင်လူကြီးတွေရဲ့အဆုံးအဖြတ်ကို ခံယူလိုက်ကြရပါတယ်။
အမှတ်ပေးဒိုင်လူကြီးတွေရဲ့အဆုံးအဖြတ် ထွက်ပေါ်လာချိန်မှာ မလေးရှားဖိုက်တာ ကာဘီလန် ဂျီလီဗန်ကပဲ ထွန်းမင်းနိုင်(ခ)ဆူလေမန်ကို နောက်တစ်ကြိမ် ထပ်နိုင်သွားခဲ့ပြန်ပါတယ်။
ထွန်းမင်းနိုင်(ခ)ဆူလေမန် ဟာ One Championship မှာ One Fight ပွဲစဉ် ၅ ပွဲ ယှဉ်ပြိုင်ခဲ့ပြီးပြီဖြစ်ပါတယ်။ အဲ့ဒီပွဲစဉ် ၅ ပွဲမှာ ထွန်းမင်းနိုင်(ခ)ဆူလေမန်က ၃ ပွဲနိုင်ပြီး ၂ ပွဲ ရှုံးနိမ့်ထားပါတယ်။
ထွန်းမင်းနိုင်(ခ)ဆူလေမန် ရှုံးနိမ့်ခဲ့တဲ့ ၂ ပွဲလုံးဟာ မလေးရှားဖိုက်တာ ကာဘီလန် ဂျီလီဗန်ကိုချည်း အရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။