Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မလေးရှားနိုင်ငံတွင်အသက်ဆုံးခဲ့သည့်သင်္ဘောသား(၃)ဦးအတွက်အာမခံကြေးမကြာမီရနိုင်

ဩဂုတ်လ ၆ရက်

သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်ရင်းမလေးရှား နိုင်ငံတွင် အသက်ဆုံးရှုံးသွားသည့် သင်္ဘောသား (၄) ဦးအနက် သင်္ဘောသား(၃)ဦးအတွက်လျော် ကြေးများမကြာမီရနိုင်ကြောင်း မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် (MSF)၏ထုတ်ပြန်ချက်အရသိရသည်။

အသက်ဆုံးရှုံးသွားသည့် သင်္ဘောသား (၄) ဦးအနက် သင်္ဘောသား(၃)ဦး၏ ရုပ်အလောင်းများကို ပြန်လည်ရရှိခဲ့ပြီးကျန်တစ်ဦး၏ရုပ်အလောင်းကိုဩဂုတ်လ(၅)ရက်အထိရှာဖွေတွေ့ရှိသေးခြင်းမရှိဘူးဟုဆိုသည်။

ရုပ်အလောင်းပြန်လည်ရရှိသည့် သင်္ဘောသား (၃) ဦး၏အသက်အာမခံလျော်ကြေးငွေရရှိရန် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အ‌ကူအညီတောင်းခံခဲ့ရာ လျော်ကြေးရရှိရန် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့အခြေစိုက် မြန်မာသံရုံးမှ လိုအပ်သည့်စာရွက်စာတမ်းများ ဖြည့်ဆည်းပေးသည့်အတွက် မကြာမီချိန်အတွင်း သင်္ဘောသား (၃) ဦး၏ အသက်အာမခံလျော်ကြေးရရှိမည်ဟု မျှော်လင့်ရကြောင်းဖော်ပြထားသည်။

မလေးရှားရေပိုင်နက် Pulau Burung ပင်လယ်ပြင်တွင် ကျောက်စရစ်များ တင်ဆောင်လာသည့် မလေးရှားကုန်တင်သင်္ဘောတစ်စီးမှာ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဇူလိုင် (၂၀) ရက်က မုန်တိုင်းကြောင့် နစ်မြုပ်သွားခဲ့ခြင်းဖြစ်ပြီး ပျောက်ဆုံးသူ (၉) ဦးတွင် မလေးရှားနိုင်ငံသား (၄) ဦး၊ မြန်မာနိုင်ငံသား (၄) ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား (၁) ဦး ပါဝင်ခဲ့ကြောင်း သိရသည်။

Photo Credit – Maritime Malaysian

#Mercury#mercurynews#ပြည်တွင်းသတင်း#Seaman#မလေး