မလေးရှားနိုင်ငံက ငါးဖမ်းလှေပေါ်မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတစ်ယောက်ဟာ လှိုင်းလုံးရိုက်ခတ်မှုကြောင့် ပင်လယ်ထဲကိုပြုတ်ကျပြီး ေ..—သဆုံးသွားခဲ့တယ်လို့ သိရှိရပါတယ်။
အဲ့ဒီမြန်မာနိုင်ငံသားဟာ တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ကနေပြီး မလေးရှားနိုင်ငံဆီကို လာရောက်အလုပ်လုပ်ကိုင်နေသူလို့ သိရပါတယ်။
ေ–…ဆုံးသွားခဲ့သူရဲ့နာမည်ဟာ ကိုညီ ဖြစ်ပြီး သူအလုပ်လုပ်ကိုင်နေတဲ့ ငါးဖမ်းလှေဟာ မလေးရှားနိုင်ငံ၊ ပဲရပ်ပြည်နယ်၊ ဟူတာမလင်တန်မြို့က ငါးဖမ်းဆိပ်ကမ်းဆီကို ပြန်လည်ဝင်ရောက်စဉ်အခိုက်မှာ ရေလှိုင်းလုံးကြီးတွေရဲ့ရိုက်ခတ်ခဲ့မှုကြောင့် ငါးဖမ်းလှေပေါ်ကနေ ပင်လယ်ထဲဆီကို လွင့်စင်ပြုတ်ကျကာ ေ..—သဆုံးသွားခဲ့ရတာလို့ ဆိုပါတယ်။