၂၀၂၅၊ဇန်နဝါရီလ၊၁၄ရက်
မလေးရှားနိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၁ဦးဟာ ထိုင်း-မလေးရှားနယ်စပ် အနီးမှာ ဖမ်းဆီးခံခဲ့ရတယ်လို့ မလေးရှားပြည်တွင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
မလေးရှားအာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကို ခံထားရသူတွေထဲမှာ အမျိုးသား၁၄ဦး၊အမျိုးသမီး၁၄ဦးနဲ့ ကလေး၃ဦးပါဝင်ပြီး အားလုံးကမြန်မာနိုင်ငံသားတွေဖြစ်ပါတယ်။
လက်ရှိမှာတော့ တရားမဝင် ဝင်ရောက်လာတာကြောင့် ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို ဘူကစ်ကဘူဟိုင်တန်မြို့ရဲ့ ရဲစခန်းကို လွဲပြောင်းထားပြီလို့လဲ သိရပါတယ်။