Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မလုံခြုံတဲ့ တဲအိမ်လေးထဲမှာ ဘဝကို စိုးထိတ်စွာနဲ့ ရှင်သန်နေထိုင်ရသူ သားအမိ ၃ ယောက်

မလုံခြုံတဲ့ တဲအိမ်လေးထဲမှာ နေထိုင်ပြီး အဝတ်လျှော်ဖို့ ငှားတဲ့နေ့ဆိုရင် ထမင်းစားရကာ အလုပ်အဆင်မပြေရင် ရေသောက်ဗိုက်မှောက်နေရရှာတဲ့ သားအမိ ၃ ယောက်
—————–
ဒီအစ်မရဲ့နာမည်က မသဲမြအေး ဖြစ်ပါတယ်။ အမျိုးသားဖြစ်သူ ဆုံးပါးသွားပြီးတဲ့နောက် အရွယ်မရောက်သေးတဲ့ သမီးလေးနှစ်ယောက်နဲ့အတူ မလုံခြုံတဲ့ တဲအိမ်လေးမှာ နေထိုင်ရင်း ဘဝကိုဖြတ်သန်းနေရတဲ့ မိခင်တစ်ယောက်ပါ။ မသဲမြအေးဟာ အဝတ်လျှော်၊ ပလုံကောက်စတဲ့အလုပ်တွေကိုလုပ်ကိုင်ရင်း သမီးလေး ၂ ယောက်ကို ရှာဖွေကျွေးမွေးနေသူပါ။ သမီးလေးတွေကို မသဲမြအေးက ပညာအရမ်းပဲတတ်စေချင်ပြီး ကျောင်းထားကာ ပညာသင်ပေးလို့နေပါတယ်။ အဝတ်လျှော်ဖို့ ငှားတဲ့နေ့တွေမှာဆိုရင် စားဖို့သောက်ဖို့ အဆင်ပြေလေ့ရှိပြီး အလုပ်အဆင်မပြေတဲ့နေ့တွေမှာဆိုရင် သားအမိ ၃ ယောက်က ရေသောက်ဗိုက်မှောက်ပြီးတော့ပဲ အိပ်ရလေ့ရှိတယ်လို့ မသဲမြအေးက ပြောပြပါတယ်။ နေထိုင်ရတဲ့ တဲအိမ်လေးက မလုံခြုံသလို လမ်းသွားလမ်းလာ အရက်သမားတွေကိုလည်း စိုးကြောက်ရပါတယ်လို့ မသဲမြအေးက အသိပေးပါတယ်။ တချို့သောညတွေမှာဆိုရင် အရက်မူးလာသူတွေ၊ ကိုယ်နဲ့မသိတဲ့သူစိမ်းတွေက အိမ်ကို တံခါးလာခေါက်တာတွေရှိလို့ သားအမိတွေ ထိတ်လန့်ရတယ်လို့လည်း မသဲမြအေးက ရင်ဖွင့်ပါတယ်။ မလုံခြုံတဲ့အိမ်လေးထဲမှာ စိုးရိမ်ထိတ်လန့်မှုနဲ့အတူ နေထိုင်ပြီး အဝတ်လျှော်ဖို့ ငှားတဲ့နေ့၊ အလုပ်အဆင်ပြေတဲ့နေ့ဆိုရင် ထမင်းစားရကာ အလုပ်အဆင်မပြေခဲ့ရင် ရေသောက်ဗိုက်မှောက်နေရရှာတဲ့ သားအမိ ၃ ယောက်ရဲ့ဘဝရပ်တည်ဖြတ်သန်းနေရမှုကို Mercury Variety ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။ (မသဲမြအေးတို့ သားအမိ ၃ ယောက်ကို လှူဒါန်းချင်တယ်ဆိုရင် ပရဟိတ ကိုထွန်းမင်းဆီကို ဆက်သွယ်ပြီး လှူဒါန်းနိုင်ပါတယ်လို့လည်း အသိပေးအပ်ပါတယ်)
#MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStory #LifeStory #မသဲမြအေး #သားအမိ၃ယောက် #သမီးလေးများ #ရေသောက်ဗိုက်မှောက် #အဝတ်လျှော် #ပလုံကောက် #မိသားစု #ဘဝရပ်တည်မှု #ကိုထွန်းမင်း #ပရဟိတ #Yangon #Myanmar

Close menu