Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မယ်နုအုတ်ကျောင်းကို ဆေးအရောင်တပြေးညီမသုတ်ဘဲ ရှေးမူမပျက်ပြန်လည် ဆောင်ရွက်ရန်လိုအပ်ဟုဆို

၀၂၄ သြဂုတ်(၁၂)ရက်

နှစ်သက်တမ်း(၁၉၇)နှစ်ရှိပြီဖြစ်တဲ့ မယ်နုအုတ်ကျောင်းကို ဆေးသုတ်တာနဲ့ပတ်သက်လို့ အများပြည်သူနဲ့ ရှေးဟောင်းသုတေသန ပညာရှင်တွေကြားမှာ ဝေဖန်မှုတွေမြင့်တက်ခဲ့ပါတယ်။

ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်တဲ့ မယ်နုအုတ်ကျောင်းကို ဆေးသုတ်တဲ့လုပ်ငန်းလုပ်ဆောင် ရာမှာ အောက်ခံဆေးတွေကို စနစ်တကျမချွတ်ဘဲနဲ့ မူလအရောင်နဲ့ အနည်းငယ်ကွာနေတဲ့ အရောင်တပြေးညီကြီးသုတ်ခဲ့တဲ့အတွက်ဝေဖန်မှုတွေခံခဲ့ရတာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ မယ်နုအုတ်ကျောင်း ဆေးသုတ်တဲ့လုပ်ငန်းကို သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါ်နုမြဇံ အခုရက်ပိုင်းအတွင်း သွား‌ရောက် ကြည့်ရူခဲ့စဉ်မှာ ဒုတိယဝန်ကြီးက ‘‘ဆေးရောင်တပြေးညီသုတ်မယ့်အစား မုခ်ကပ်နေရာတွေကို အဖြူ‌ဆေး သုတ်ဖို့နဲ့ ဆေးမသုတ်မီ ချေးချွတ်မှုတွေကို အခုကထက် ပိုမိုတိကျစွာ ဆောင်ရွက်ဖို့’’မှာကြားခဲ့ တယ်လို့ဆိုပါတယ်။

မယ်နုအုတ်ကျောင်းနဲ့ပတ်သက်လို့ ယူနက်စကိုမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ မြန်မာရှေးဟောင်းသုတေသန ပညာရှင်တစ်ဦးက‘ ဒီအုတ်ကျောင်းက မူလကတည်းကထုံးအခြေခံတဲ့ ဆေးသုတ်ခဲ့ပြီးခေတ်အဆက်ဆက် မသိနားမလည်စွာဆေးအထပ်ထပ်သုတ်ခဲ့တာဖြစ်တယ်လို့ပြောပါတယ်။

ဒီအုတ်ကျောင်းကို ထိန်းသိမ်းဖို့ဆေးသုတ်မယ်ဆိုရင် မူလဆေးသားပေါ်လာတဲ့အထိ ဂရုတစိုက်သုတေသနပြုလေ့လာ၊ မလိုအပ်တဲ့ အခြားကြားထဲကဆေး အလွှာတွေကို အဆောက် အအုံမထိခိုက်စေဘဲ စနစ်တကျခွာထုတ်၊သန့်ရှင်းရေးလုပ်ပြီး အရင်မူလဆေးအရောင် အစပ် အတိုင်းစနစ်တကျပြန်သုတ်သင့်တယ်လို့ ဆိုပါတယ်။

မယ်နုအုတ်ကျောင်းကို မြန်မာသက္ကရာဇ်၁၁၈၉ခုနှစ်က ဘကြီးတော်မင်းတရားကြီးနဲ့ နန်းမတော် မယ်နုတို့က ဆောက်လုပ်လှူဒါန်းခဲ့တာဖြစ်ပြီးမြန်မာသက္က ရာဇ် ၁၂၀၀ မှာ ငလျင်ဒဏ်ကြောင့် ပြိုပျက်ခဲ့ပြီး ၁၂၃၄ခုနှစ်မှာ နန်းမတော်မယ်နုရဲ့ သမီးတော်က ပြန်လည်လှူဒါန်းခဲ့ တာဖြစ်လို့ အခုဆိုရင် မယ်နုအုတ်ကျောင်းဟာ နှစ်သက်တမ်း (၁၉၇)နှစ်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။