၂၀၂၅၊ဇန်နဝါရီလ၊၉ရက်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်မှာ ရှိတဲ့ မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို ဖေဖော်ဝါရီ ၂ ရက်နေ့ကနေ ဧပြီ ၁၇ ရက်အထိ ၇၅ရက် တိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမယ်လို့ သိရပါတယ်။
မန်းရွှေစက်တော်ဘုရားပွဲကြီးကို အစဉ်အလာမပျက် ဆက်ပြီး ကျင်းပနိုင်ဖို့ န် သြဝါဒါစရိယဆရာတော်ကြီးများရဲ့ သြဝါဒခံယူပြီး ဖေဖော်ဝါရီ ၂ရက်နေ့ ( တပို့တွဲလဆန်း ၅ ရက် )ကနေ စတင်ပြီး ဓလေ့ထုံးတမ်းတွေနဲ့ အညီ ကျင်းပသွားမှာ ဖြစ်ပါတယ်။
မန်းရွှေစက်တော်ဘုရားပွဲကြီးကို အနယ်နယ် အရပ်ရပ်ကနေ လာရောက်ကြမယ့် ဘုရားဖူးလာခရီးသွားပြည်သူတွေ အဆင်ပြေစေဖို့အတွက်လည်း တည်းကျောင်း ပေါင်း ၆၀၀ ကျော်၊ စျေးဆိုင်ခန်းပေါင်း ၈၀၀ ကျော် ကို ဆောက်လုပ်ထားပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
မန်းရွှေစက်တော်ဘုရားပွဲကြီးဟာ မြန်မာနိုင်ငံရဲ့ အထင်ကရ ပွဲတော် တစ်ခုဖြစ်သလို နှစ်စဉ် ဖော်ဖော်ဝါရီလ အစောပိုင်းမှာ စတင်ကျင်းပတတ်ပြီး ပုံမှန်အားဖြင့် ရက်ပေါင်း၇၀မှ ရက်ပေါင်း၈၀အထိ ကြာမြင့်စွာ ကျင်းပလေ့ရှိကြပါတယ်။
ဓါတ်ပုံ-မူရင်းပိုင်ရှင်များကို Creditပေးပါသည်။