——————————
၂၀၂၄ခုနှစ်၊အောက်တိုဘာလ၊(၃၁)ရက်
ယခုနှစ်မန်းရွှေစက်တော်ပွဲတော်ကြီးကို စည်ကားကျင်းပနိုင်ဖို့အတွက် ရွှေစက်တော်ရာဘုရား ဂေါပကအဖွဲ့ကိုပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
ဂေါပကအဖွဲ့ပြင်ဆင်ဖွဲ့စည်းမယ့်အကြောင်းကို
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အောက်တိုဘာလ (၂၈) ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။
ပွဲတော်ကာလအတွင်း ဘုရားဖူးလာကြည်သူများ စိတ်ချမ်းမြေ့စွာ ဖူးမြှော်နိုင်ရေးအတွက် မန်းရွှေစက်တော်ရာဘုရား ဂေါပကအဖွဲ့အား ပြင်ဆင်ဖွဲ့စည်းလိုက်တာဖြစ်ကြောင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မန်းရွှေစက်တော်ဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲ လဆန်း(၅)ရက်နေ့မှ မြန်မာနှစ်ဆန်း(၁)ရက်နေ့ အထိကျင်းပလေ့ရှိတယ်လို့ သိရပါတယ်။