“နယူးကာဆယ်ကို နောက်ကလိုက်ပြီး အနိုင်ကစားခဲ့တဲ့တစ်ချက်ကိုကြည့်ပြီး နော်တင်ဟမ်ကို ယုံလိုက်လို့ရတဲ့အခြေအနေမှာ မရှိဘူး။ ဘာလို့လဲဆိုတော့ အဲ့ဒီပွဲမတိုင်ခင်မှာ နော်တင်ဟမ်က ၈ ပွဲဆက်တိုက်အထိကို နိုင်ပွဲပျောက်ထားတယ်။ အစဉ်အလာပိုင်းဆိုင်ရာကိုကြည့်လိုက်ရင် နော်တင်ဟမ်နဲ့ ယူနိုက်တက် တွေ့ခဲ့တာမှာ ယူနိုက်တက်က အပြတ်လို့ပြောနိုင်လောက်အောင်ကို သာနေတယ်ဗျာ။ နောက်ဆုံးကစားတဲ့ အိမ်ကွင်း အဝေးကွင်း ၁၆ ကြိမ် တွေ့ဆုံမှုမှာ ယူနိုက်တက် ရှုံးခဲ့တာ ၁ ပွဲပဲ ရှိခဲ့တယ်။ ကျန်တဲ့ပွဲ ၁၅ ပွဲကို ယူနိုက်တက်က သရေနဲ့ အနိုင်ချည်း ကစားခဲ့တယ်။ နောက်ပြီး ပရီးမီးယားလိဂ် နာမည်ပြောင်းလိုက်ပြီးတဲ့နောက်မှာ နော်တင်ဟမ်က ယူနိုက်တက်ကို ၁ ပွဲပဲ နိုင်ခဲ့ဖူးတယ်။ နော်တင်ဟမ်ရဲ့အားနည်းချက်ကိုပြောရမယ်ဆိုရင် ခံစစ်ပဲ။ ခံစစ်ပိုင်းမှာ နော်တင်ဟမ်က လစ်ဟာချက်တွေ များတယ်။ ယူနိုက်တက်ရဲ့တိုက်စစ်မှူးတွေ ဗီလာနဲ့ပွဲတုန်းကလို ယုံကြည်ချက်မျိုးကို ထည့်ထားနိုင်ရင် ဂိုးရဖို့ လွယ်နိုင်တယ်ဗျ။ အဝေးကွင်းဖြစ်နေလို့ ဂိုးပြတ်ဖို့တော့ မမျှော်လင့်ရဲဘူး။ မန်ယူ နှစ်ပွဲဆက် နိုင်လိမ့်မယ်။ ၀-၁၊ ၁-၂ လိုရလဒ်မျိုးနဲ့ နိုင်လိမ့်မယ်။ မန်ချက်စတာယူနိုက်တက် ယူဆောင်လာတဲ့ နှစ်သစ်ကူးလက်ဆောင်နဲ့ အားလုံး ပျော်ကြရပါလိမ့်မယ်” – ချမ်းမြေ့သူ၊ Special Tipper