မန်ယူအသင်းရဲ့ရှယ်ယာရှင်သစ် ဆာဂျင်မ် ရတ်ဒ်ကလစ်ဖ် ဟာ မန်ယူအတွက် နည်းပြသစ်ရှာဖွေနေတယ်လို့ သိရှိရပါတယ်။
ဆာဂျင်မ် ရတ်ဒ်ကလစ်ဖ် ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲကြီးပြီးဆုံးချိန်ရောက်ရင် အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကို မန်ယူအတွက် ခေါ်ယူဖို့ ရည်ရွယ်နေကြောင်း သတင်းတွေထွက်ခဲ့ပေမယ့် ဆောက်ဂိတ်ဘက်က ငြင်းဆိုလိုက်လို့ အဲ့ဒီကိစ္စက ပျက်ပြယ်သွားခဲ့ပြီဖြစ်ပါတယ်။
မန်ယူဆီမှာ အသင်းနည်းပြအဖြစ် အီရစ်ခ် တန်းဟတ်ဂ် ရှိနေပေမယ့် ရာသီကုန်ချိန်ရောက်လို့ ကျေနပ်လောက်စရာ အဆင့်ရပ်တည်မှုမျိုး မရှိခဲ့ရင် မန်ယူဒါရိုက်တာဘုတ်အဖွဲ့က သူ့ကို ရာထူးကနေ ထုတ်ပယ်ပြီး နည်းပြသစ် ခန့်အပ်နိုင်ခြေရှိနေတယ်လို့ သတင်းတွေက ဆိုပါတယ်။
လက်ရှိမှာတော့ မန်ယူနည်းပြသစ်လျာထားစာရင်းထဲကို ဘရိုက်တန်နဲ့ ချယ်လ်ဆီးနည်းပြဟောင်း ဂရေဟမ် ပေါ်တာ ရောက်လာနိုင်ခြေရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဆာဂျင်မ် ရတ်ဒ်ကလစ်ဖ် ဟာ ဗြိတိန်လူမျိုးနည်းပြတွေကို ဦးစားပေးပစ်မှတ်ထားနေတဲ့သဘောကိုလည်း မြင်တွေ့ရပါတယ်။