၂၀၂၅၊ဇန်နဝါရီလ၊၈ရက်
မန်ယူအသင်းနဲ့ စာချုပ်သစ်ကိစ္စအဆင်မပြေဖြစ်နေတဲ့ လူငယ်ကွင်းလယ်ကစားသမား မိန်းနူးကို ခေါ်ယူဖို့ ချဲလ်ဆီးအသင်းက စိတ်ဝင်စားနေတယ်လို့ UK အခြေစိုက် Daliy Mailသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
မိန်းနူးဟာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း ၂နှစ်ကျန်နေသေးပေမယ့် စာချုပ်သစ်ချုပ်ဆိုဖို့ လုပ်တဲ့ အခြေအနေမှာလစာကိစ္စအဆင်မပြေဖြစ်နေတာကြောင့်အပြောင်းအရွှေ့သတင်းတွေထွက်ပေါ်လာတာဖြစ်ပါတယ်။
မိန်းနူးဟာ လက်ရှိမှာ လုပ်ခလစာအဖြစ် တစ်ပတ်ကို ပေါင်၂သောင်းသာ ရရှိနေတာဖြစ်ပြီး စာချုပ်သစ်မှာ တစ်ပတ်ကို ပေါင် ၁သိန်းဝန်းကျင် အလိုရှိနေပေမယ့် မန်ယူအသင်းဘက်က တစ်ပတ်ကို ပေါင် ၆သောင်းထက်ပိုပေးချင်တဲ့ ဆန္ဒမျိုးမရှိပါဘူး။
မန်ယူအသင်းဘက်ကလည်း အသင်းရဲ့လက်ရှိဘဏ္ဍာရေး အခြေအနေအရ စာချုပ်သစ်ကိစ္စ ညိနှိုင်းဖို့အဆင်မပြေခဲ့ရင် ရောင်းချသွားဖို့ စဉ်းစားထားတယ်လို့ The Athleticသတင်းဌာနကလည်းဖော်ပြခဲ့ပါတယ်။