မနေ့တုန်းက ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂါနာချိုက မန်ယူအတွက်ဂိုးသွင်းလိုက်တော့ အားလုံးက ဂါနာချိုဟာ မက်ဆီရဲ့နောက်မှာ ချန်ပီယံလိဂ်ဂိုး သွင်းယူနိုင်တဲ့ ဒုတိယမြောက်အသက်အငယ်ဆုံး အာဂျင်တီးနားကစားသမားလို့ ရေးသားဖော်ပြခဲ့ပါတယ်။
အခုတော့ အဲ့ဒီမှတ်တမ်းစံချိန်ဟာ မှားယွင်းတယ်လို့ မီဒီယာတွေက ရေးသားဖော်ပြလာခဲ့ပါပြီ။ မနေ့တုန်းက ရီးရဲလ်မက်ဒရစ်ကနေပြီး နာပိုလီကို အနိုင်ရတဲ့ပွဲမှာ နီကိုပတ်စ်ဆိုတဲ့ လူငယ်ကစားသမားလေးကလည်း ဂိုးသွင်းသွားခဲ့ပါတယ်။
သူဟာလည်း အာဂျင်တီးနားနိုင်ငံသားတစ်ယောက်ပါပဲ။ သူ့ရဲ့အသက်က ဂါနာချိုထက် ငယ်ရွယ်နေပါတယ်။ အဲ့ဒါကြောင့် မီဒီယာတွေက မက်ဆီရဲ့နောက်မှာ ချန်ပီယံလိဂ်သွင်းဂိုးရတဲ့ အသက်အငယ်ဆုံး ဒုတိယမြောက် အာဂျင်တီးနားကစားသမားဆိုရင် နီကိုပတ်စ်ပဲဖြစ်တယ်လို့ ရေးသားဖော်ပြလာကြတာပါ။
အဲ့ဒီပွဲစဉ်ပြီးတော့ မီဒီယာတွေနဲ့တွေ့ဆုံချိန်မှာ နီကိုပတ်စ်က “ကျွန်တော့်အိပ်မက်တွေ တကယ်ဖြစ်လာခဲ့ပြီ။ အသင်းတစ်သင်းလုံးနဲ့ အသင်းဝန်ထမ်းတွေအားလုံးက ကျွန်တော့်ကို ဂုဏ်ပြုကြတယ်။ ကျွန်တော်တို့ရဲ့ ရီးရဲလ်မက်ဒရစ်ဆိုတာဟာ တားဆီးမရနိုင်တဲ့အစုအဖွဲ့ကြီးပါပဲ” လို့ သူက ပြောသွားခဲ့တယ်။
ဒါဟာ နီကိုပတ်စ်အတွက် ရီးရဲလ်မက်ဒရစ်ကစားသမားဘ၀ ဖြတ်သန်းမှုမှာ ပထမဆုံးသွင်းယူလိုက်တဲ့သွင်းဂိုးပါပဲ။ အဲ့ဒီသွင်းဂိုးဟာ အခုတော့ စံချိန်မှတ်တမ်းတစ်ခု ဖြစ်သွားခဲ့ပါပြီ။
See translation