၂၀၂၅၊ဇန်နဝါရီလ၊၂၄ရက်
မန်ယူနိုက်တက်အသင်းရဲ့ အာဂျင်တီးနား တောင်ပံတိုက်စစ်ကစားသမား ဂါနာချိုကို ပေါင်သန်း ၅၀ကျော်နဲ့ ခေါ်ယူနိုင်ဖို့ ချဲလ်ဆီးအသင်းက စတင်ကြိုးစားလာပြီလို့ Sky Italiaသတင်းဌာနအပြင် အခြားသတင်းဌာနအများအပြားကလည်း ဖော်ပြလာကြပါတယ်။
ချဲလ်ဆီးအသင်းက အစောပိုင်းမှာ တိုက်စစ်ကစားသမားခေါ်ယူဖို့ အစီအစဉ်မရှိပေမယ့် တောင်ပံကစားသမား မူဒရစ်ရဲ့ တားဆေးဆေးပြဿာနာက အခြေအနေမကောင်းတာကြောင့် ဂါနာချိုကို ခေါ်ယူဖို့ ကြိုးစားလာတာဖြစ်ပါတယ်။
ဂါနာချိုက အစောပိုင်းမှာ နာပိုလီအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေထွက်ခဲ့ပေမယ့် မန်ယူနိုက်တက်တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးပမာဏကို နာပိုလီဘက်က ပေးချေလိုစိတ်မရှိခဲ့တာကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရပါတယ်။
မြန်မာစံတော်ချိန် ဒီနေ့မနက်ပိုင်း သတင်းတွေအရ ဂါနာချိုကိုယ်တိုင်ကလည်း နိုင်ငံအသင်းဖော် အန်ဇို ဖာနန်ဒက်ရှိနေတဲ့ ချဲလ်ဆီးကို ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။