၂၀၂၄၊အောက်တိုဘာလ၊၅ရက်
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြချုပ် အဲရစ်တန်ဟတ်ဟာ ရာထူးကနေထုတ်ပယ်ခံရဖို့နီးစပ်နေတယ်လို့ Sky Sportsကဖော်ပြလာပါတယ်။
မန်ယူနိုက်တက်ဟာ ပြိုင်ပွဲစုံ နောက်ဆုံး၄ပွဲဆက် နိုင်ပွဲမရခဲ့သလို အခုအပတ် အက်စတွန်ဗီလာနဲ့ပရီးမီးယားလိဂ်ပွဲမှာပါ ရလဒ်မကောင်းခဲ့ရင် နည်းပြအဲရစ်တန်ဟတ်ကို ရာထူးကထုတ်ပယ်သွားမယ်လို့ ဗြိတိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။
နည်းပြအဲရစ်တန်ဟတ်ကိုသာ ထုတ်ပယ်ဖြစ်ခဲ့ရင် မန်ယူအသင်းက ချဲလ်ဆီးနည်းပြဟောင်းတွေဖြစ်တဲ့ သောမတ်တူချယ်၊ဂရေဟမ်ပေါ်တာ၊ဂျူဗင်တပ်စ်နည်းပြဟောင်း အယ်လီဂရီတို့ကို ခန့်အပ်နိုင်ဖို့ကြိုးစားသွားမယ်လို့သိရပါတယ်။